ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရေပေါ်ဈေးသို့ နေပြည်တော် တပ်ကုန်းမှ(မိုး)ဖူးစားပြောင်းများ ဝင်ရောက်လျက်ရှိကြောင်းနှင့် ဖူးစားပြောင်းအဖူး ၁၀၀ပါ ၁အိတ်လျှင် ၁၈၀၀၀ ကျပ်နှုန်း ၊ သယ်ယူခမှာ ၁ အိတ်လျှင် ၄၀၀၀ ကျပ်၊ အလုပ်သမားခအတင်အချ ခရီးခေါက်တိုသယ်ယူခ ၁၀၀ ကျပ် ကျသင့်သောကြောင့် ပြောင်းအကြီးအသေး ၁ ဖူးလျှင် ၂၃၀ ကျပ်ကျသင့်ကြောင်းသိရသည်။
ကရင်ပြည်နယ်တွင် ဖူးစားပြောင်းများကို အောက်တိုဘာလ နှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လအတွင်းရိတ်သိမ်းကြောင်း နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ချုပ် ဖူးစားပြောင်း (ဆောင်း) စိုက်ဧက ၅၇၀၈ ဧက၊ ရိတ်သိမ်းဧက ၁၀၂၁ ဧကဖြစ်ကာ တစ်ဧက အထွက်နှုန်း ၉၆၄၁ ဖူး၊ စုစုပေါင်း အထွက်နှုန်း ၉၈၄၃၄၆၁ ဖူးဖြစ်ကြောင်းသတင်းရရှိသည်။
DOCA (ကရင်)