လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက်ရှိ အသင့်သောက်အချိုရည်အမျိုးမျိုးရောင်းချနေသော ကုန်စုံဆိုင်များသို့ ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ ခုနှစ် ၊ ဩဂုတ်လ  ၇ ရက်နေ့နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက်ရှိ အသင့်သောက်အချိုရည်အမျိုးမျိုးရောင်းချနေသော ကုန်စုံဆိုင်(၉)ဆိုင်သို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏(၂/၂၀၁၉)ပါကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊မိတ်ဖတ်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေး ဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  လွိုင်ကော်မြို့ပေါ်ရှိ အသင့်သောက်အချိုရည်အမျိုးမျိုးရောင်းချလျက်ရှိသော ကုန်စုံဆိုင်များသို့သွားရောက်စစ်ဆေးခဲရာ ပြည်တွင်း၌ ထုတ်လုပ်သော အချိုရည်များတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ် အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော အသင့်သောက်အချိုရည်များသာ တင်သွင်းရောင်းချလျက်ရှိကြောင်း၊ ပြည်ပမှဝင်ရောက်လာသော အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားအား မြန်မာစာစတစ်ကာများဖြင့် ကပ်နှံဖော်ပြထားပြီး အဆိုပါအသင့်သောက်အချိုရည်များကို တင်သွင်းရောင်းချလျက်ရှိကြောင်း၊ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသော အသင့်သောက်အချိုရည်များမတွေ့ရှိရကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအနေဖြင့် ကံစမ်းမဲကာလသတ်မှတ်ထားသော ကံစမ်းမဲပါအသင့်သောက်အချိုရည်များအား လဲလှယ်ပေးရန်လိုကြောင်း၊ အသင့်သောက်အချိုရည်အမျိုးမျိုးအား နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့သောနေရာတွင် ထားသိုသိမ်းဆည်းရောင်းချရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနထောက်ခံချက်ပါသော အသင့်သောက်အချိုရည်များသာ တင်သွင်း ရောင်းချရန်လိုကြောင်းနှင့် စားသုံးသူကို နစ်နာဆုံးရှုံးမှုဖြစ်စေမည့် ကုန်အညွှန်းအမှတ်အသားမပါရှိသော ကုန်စည်များ၊  ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကျန်းမာရေးနှင့်ကိုက်ညီမှုမရှိသည့် အသင့်သောက်အချိုရည် များ၊ အသက်အရွယ်အလိုက် ရောင်းချသင့်သည့် အသင့်သောက်အချိုရည်များအား ခွဲခြားရောင်းချရန်လိုအပ်ကြောင်း၊ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော အသင့်သောက်အချိုရည်များဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးခြင်းများ စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၇၃အရ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်မှုပြစ်ဒဏ်များခံရမည်ဖြစ်ကြောင်း အသင့်သောက်အချိုရည်အမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင် (၉) ဆိုင်အား အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA ( ကယား)