မိုးနှမ်းများရိတ်သိမ်းနေ

Powered by Drupal

     မိတ္ထီလာခရိုင်အတွင်း မိုးနှမ်းများကိုသြဂုတ်လဆန်းပိုင်း၌ စတင်ရိတ်သိမ်းကြောင်းသိရသည်။ ခရိုင်အတွင်း မိုးနှမ်းစိုက်ဧက (၃.၃) သိန်းခန့်ရှိပြီးမိုးနှောင်းနှမ်းကို စိုက်ပျိုးမှုမရှိဘဲနွေနှမ်းကို ဆည်ရေရသောဒေသအနည်းငယ်တွင်သာ စိုက်ပြီး၊ မိုးနှမ်းကိုအများဆုံးစိုက်ပျိုးကြပါသည်။ ဒေသရာသီဥတုနှင့်ကိုက်ညီပြီး မိရိုးဖလာစိုက်သောမိုးနှမ်းကို ကဆုန်လ (မေလ)က စတင်စိုက်ပျိုးခဲ့ပြီး ၎င်းတွင်သက်နုရက်(၆၀)ရှိမျိုးကို အစိုက်များကြပါသည်။ စိုက်ပြီးနောက်ပိုင်း မိုးနည်းခဲ့၍ ရိတ်သိမ်းခြင်းမပြုသေးသော်လည်း အပင်သက်တမ်းမှာရက် (၇၀) ဝန်းကျင်ရှိလာပြီး၊ အသီးများကွဲကျကာ အစေ့မှအပင်ပေါက်လာခြင်းကြောင့် အလျင်အမြန်ရိတ်သိမ်းကြပါသည်။ ထိုသို့အလျင်အမြန်ရိတ်သိမ်းရ၍ တောင်သူများအတွက် လုပ်သားအင်အားရှားပါးမှုများနှင့်ကြုံတွေ့ရပါသည်။ လုပ်သားခမှာ တစ်ရက်လျှင် ရိတ်သိမ်းခြင်းအတွက် (၅၅၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ချွေလှေ့ခြင်းအတွက် (၆၀၀၀) ကျပ်မှ (၇၀၀၀) ကျပ်ထိ ပေးချေရပြီး နှမ်းစျေးမှာတစ်တင်းလျှင် နှမ်းညိုတစ်တင်း (၁၀၀၀၀၀) ကျပ်နှင့် နှမ်းဖြူတစ်တင်း (၁၁၀၀၀၀) ကျပ် စျေးရှိကြောင်းစျေးကွက်မှသိရသည်။

DOCA (မန္တလေး)