
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဝန်ထမ်းများအသိပညာဗဟုသုတ တိုးပွားစေရေးနှင့်စွမ်းဆောင်ရည်မြင့်မားလာစေရေး ရည်ရွယ်လျှက် Thursday Talk အသိပညာပေးဆွေးနွေးပွဲများ တစ်လလျှင်အနည်းဆုံးတစ်ကြိမ် ကြာသပတေးနေ့၌ ဆွေးနွေးဟောပြောကြောင်းသိရသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၌ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်စပ်လျဉ်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံမှ အသိပညာပေး ဆွေးနွေးပြောခဲ့ပါသည်။ ဆွေးနွေးရာ၌ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ညွှန်ကြားချက်များနှင့် ကုန်အညွှန်းအမှတ်အသား လျှောက်ထားတင်ပြရမည့် အချက်များအလက်များကို အသေးစိတ်ဆွေးနွေးဟောပြောခဲ့ရာ ဝန်ထမ်းများမှ ဆွေးနွေးချက်များအပေါ် အပြန်အလှန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီး ဆွေးနွေးပွဲသို့ မိတ္ထီလာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။
DOCA (မန္တလေး)