ကွင်းဆင်းဆောင်ရွက်

Powered by Drupal

       စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုစနစ် ပိုမိုဖွံ့ဖြိုးတိုးတက် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး နှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကရင်စားသုံးသူရေးရာဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး၊ ပြည်တွင်းဌာနတာဝန်ခံနှင့်ဝန်ထမ်းများသည် (၆-၈-၂၀၂၃)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဘားအံမြို့၊ ဇာသပြင်အနောက်ကျေးရွာရှိ စိုက်ပျိုး/မွေးမြူရေးခြံသို့   ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းလေ့လာခဲ့ရာတွင် မွေးမြူရေးလုပ်ငန်းရှင် ဦးနိုင်ဝင်းအောင်နှင့် တွေ့ဆုံမေးမြန်း ချက်အရ  ၎င်းပိုင် မြေ(၆၀)ဧကရှိသည့် အနက် (၁၅)ဧကပေါ်တွင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက် လျက်ရှိပြီး ဝက်ကောင်ရေ (၂၃၀)ကောင်၊ ဘဲမွေးမြူရေး အနေဖြင့် ထိုင်ဝမ်စပ်မျိုး အကောင်ရေ (၇၀၀၀)ခန့်၊ ကာကီကင်းမျိုး အကောင်ရေ (၇၀၀၀)ခန့် နှင့် ငါးမွေးမြူရေးအနေဖြင့် ငါးတန်၊ ငါးကြင်း၊ ငါးခူ၊ ငါးမှုန့်၊ ဇလားဗီးယားငါး စုစုပေါင်း ငါးကောင်ရေ (၁၀၀၀၀၀)ခန့် မွေးမြူထားကြောင်း သိရသည်။

            လုပ်သား (၁၃)ဦးဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိပြီး (၁)ရက်လျှင် ဘဲဥလုံးရေ (၉၀၀၀)လုံးခန့် ထုတ်လုပ်နိုင်ပြီး ဘဲဥတစ်လုံးလျှင် ၃၁၅ ကျပ်နှုန်းဖြင့်ရောင်းချရသောကြောင့် တစ်ရက်လျှင် ဝင်ငွေ ၂၈ သိန်းခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မော်လမြိုင်၊ မြဝတီနှင့် ဘားအံမြို့များသို့ တင်ပို့ရောင်းချလျက် ရှိကြောင်းသိရသည်။

            ထို့နောက် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်း အောင်မြင် အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေနိုင်မည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့် အလမ်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်းရှင်းလင်းပြောကြားပြီး မွေးမြူရေးလုပ်ငန်းရှင် ဦးနိုင်ဝင်းအောင်မှ လက်ရှိဆောင်ရွက်လျက်ရှိသော စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းအခြေအနေများနှင့် လုပ်ငန်းလည်ပတ်ပုံ၊ တွက်ခြေကိုက်မှု၊ အရှုံး/အမြတ်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အားနည်းချက်/ အားသာချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်ဦးစီးမှူးမှ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးအတွက် ဌာနမှ ဆောင်ရွက်လျက် ရှိသည့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများနှင့် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်လျက်ရှိသော နည်းပညာ၊ ငွေကြေးအရင်းအနှီးလိုအပ်ချက်များအပေါ် နိုင်ငံတော်မှ နိုင်ငံစီးပွားမြှင့်တင်ရေးကဏ္ဍမှ  ကူညီဆောင်ရွက်ပေးနေသည့် အခြေအနေများကို ရှင်းလင်းဆွေးခဲ့ကြောင်းသိရသည်။

DOCA (ကရင်)