အိန္ဒိယမှ ဘာစမာတီမဟုတ်သောဆန်များ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ခြင်းကို ပြန်လည်စတင်မည်

Powered by Drupal

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Awami League ပါတီခေါင်းဆောင်များ၏ နယူးဒေလီမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဘာစမာတီမဟုတ်သောဆန်များအား အိန္ဒိယနိုင်ငံထံမှ ဝယ်ယူတင်သွင်းမှုကို ပြန်လည်စတင်နိုင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စိုက်ပျိုးရေးဝန်ကြီး Dr Abdur Razzak ဦးဆောင်လျက် Awami League ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ သတင်းအချက်အလက်နှင့် ရုပ်သံထုတ်လွှင့်ရေး ဝန်ကြီး Dr Hasan Mahmud နှင့် ပါတီခေါင်းဆောင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ၉-၈-၂၀၂၃ နေ့တွင် နယူးဒေလီမြို့၌ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Piyush Goyal နှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံရာ၌ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း၊ ဆန်နှင့် ကြက်သွန်နီ၊ ငရုတ်သီးအစိုတို့ ကဲ့သို့သော ရာသီသီးနှံများကိုပါ အစဉ်တစိုက် ပံ့ပိုးပေးရန် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့က တောင်းဆိုခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ ဈေးကွက်အတွင်း၌ ဈေးနှုန်းမတည်ငြိမ်မှုများ လျော့ကျသွားချိန်တွင် ဘာစမာတီမဟုတ်သောဆန်များ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ခြင်းကို ပြန်လည်စတင်မည်ဟု အိန္ဒိယဝန်ကြီး Mr. Piyush Goyal က ပြန်လည်ပြောကြားခဲ့ကြောင်းဖြင့် Daily Sun သတင်းဌာနက ဖော်ပြထားပါသည်။

Source: Daily Sun, 9 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)