ကမ္ဘာ့စားအုန်းဆီ ကုန်သွယ်မှုကဏ္ဍတွင် ၈၅ ရာခိုင်နှုန်းခန့် ပါဝင်ထားသည့် အင်ဒိုနီးရှား နှင့် မလေးရှားတို့က ဥရောပသမဂ္ဂ (အီးယူ) မှသတ်မှတ်ပြဋ္ဌာန်းသည့် သစ်တောပြုန်းတီးမှု ကာကွယ် ရေးစည်းမျဉ်း (EUDR) နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာနိုင်သောကိစ္စရပ်များအတွက် လုပ်ငန်းအဖွဲ့ (Task Force) ကို ဖွဲ့စည်းဆောင်ရွက်ရန် သဘောတူညီမှုရှိထားပြီးဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ စီးပွားရေးရာ ပေါင်းစပ်ဆောင်ရွက်ရေး ဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ပြောကြားပါသည်။
ဥရောပသမဂ္ဂအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ကတည်းက သစ်တော ပြုန်းတီးမှုကို ဖြစ်ပေါ်စေသည့် ထုတ်ကုန်ပစ္စည်းများကို ကန့်သတ်ကုန်စည်များအဖြစ် ထုတ်ပြန် ထားပါသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် အာဏာသက်ဝင်ခဲ့သည့် EUDR စည်းမျဉ်းအရ အကျုံးဝင်သောကုန်စည်များအနက် ဥရောပသမဂ္ဂသို့ တင်သွင်းလာသည့် စားအုန်းဆီများကို သတ် မှတ်ထားသော လိုအပ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် နောက်ကြောင်းပြန်ခြေရာခံ စုံစမ်းစစ်ဆေး ခြင်းတို့ ဆောင်ရွက်မည်ဖြစ်ပါသည်။
အင်ဒိုနီးရှားနှင့် မလေးရှား နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့အနေဖြင့် ပထမအကြိမ် အစည်း အဝေးကို ၄-၈-၂၀၂၃ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ကျင်းပခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးတွင် စားအုန်းဆီ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ပါဝင်ဆက်နွယ်သူများ၊ အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်ထုတ်ရေး အစီအစဉ်များနှင့် သိပ္ပံနည်းကျတိကျသော ဒေတာအချက်အလက်များကို ပြုစုဆောင်ရွက်သူများ ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး တွင် ပါဝင်တက်ရောက်ခဲ့သည့် အဖွဲ့ ၃ ဖွဲ့က Task Force အဖွဲ့၏ လုပ်ငန်းတာဝန်များကို ၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်အကောင်အထည်ဖော်ရန် ချမှတ်ခဲ့ကြောင်းနှင့် Task Force အဖွဲ့၏ နောက်ထပ်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ထပ်မံကျင်းပမည်ဖြစ်ကြောင်း သိရ ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကုန်သွယ်မှုကာလအတွက် ဥရောပသမဂ္ဂသို့ ဟင်းသီးဟင်းရွက်ဆီ တန်ချိန် ၈.၉ သန်းခန့် တင်သွင်းနိုင်ရေး ဦးတည်ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ တန်ချိန် ၄.၈ သန်းခန့် တင်သွင်းရန် စီစဉ်ဆောင်ရွက်ထားကြောင်း အမေရိကန်အခြေစိုက် ပြည်ပနိုင်ငံ စိုက်ပျိုး ရေးဆိုင်ရာ ဝန်ဆောင်မှု အဖွဲ့၏ အချက်အလက်များတွင် ဖော်ပြထားကြောင်း သိရပါသည်။ ယခင် ဘဏ္ဍာနှစ်၊ ကုန်သွယ်မှုကာလတွင် ဥရောပသမဂ္ဂအနေဖြင့် စားအုန်းဆီကို တန်ချိန် ၄.၀၅ သန်း ခန့်တင်သွင်းမှုရှိခဲ့ရာ ကာလတူနှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းခန့် တင်သွင်းမှု ကျဆင်းမှုရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ ယခုသတ်မှတ်ပြဋ္ဌာန်းသည့် သစ်တောပြုန်းတီးမှု ကာကွယ်ရေးစည်းမျဉ်း (EUDR) ကို ဥရောပသမဂ္ဂ ဈေးကွက်အတွင်း ၂၀၃၀ ပြည့်နှစ်မှစ၍ ဇီဝလောင်စာဆီအတွက် စားအုန်းဆီအသုံးပြုမှုအား ကန့်သတ်သည့်အမိန့်စာ “ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ညွှန် ကြားချက်” နှင့်အတူ တစ်ပါတည်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် အင်ဒိုနီးရှားနှင့် မလေးရှား အပါအဝင် စားအုန်းဆီ အဓိကထုတ်လုပ်သည့်နိုင်ငံများ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေ ရပါသည်။
အင်ဒိုနီးရှားနှင့် မလေးရှား နှစ်နိုင်ငံအနေဖြင့် ချမှတ်ထားသည့် ဥပဒေပြဋ္ဌာန်းချက်များက ၎င်းတို့၏ ဆီအုန်းစိုက်တောင်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်စေရေး စိုးရိမ်မှုရှိနေကြောင်း နှင့် နှစ်နိုင်ငံ အစိုးရများအနေဖြင့် သစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရေး အစီအမံများနှင့် ရေရှည် တည်တံ့ခိုင်မြဲသော အသိအမှတ်ပြုလက်မှတ်ရရှိရေး အစီအမံများအပေါ် အလေးထား ဆောင်ရွက် လိုမှု မရှိဟု မှတ်ယူခြင်းခံရမည်ကိုလည်း စိုးရိမ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။ အင်ဒိုနီးရှား၊ သမ္မတ ဂျိုကိုဝီဒိုဒိုနှင့် မလေးရှား ဝန်ကြီးချုပ် အန်ဝါအက်ဘရာဟင်တို့က ဥရောပသမဂ္ဂမှ ထုတ်ပြန်သည့် စားအုန်းဆီထုတ်လုပ်မှုအပေါ် ခွဲခြားဆက်ဆံသည့် အစီအမံအား ဆန့်ကျင်ကြောင်း နှင့် ဥရောပသမဂ္ဂ၏ စည်းမျဉ်းအပေါ် တုန့်ပြန်သည့်ဆောင်ရွက်ချက်များအား နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြသည့် ပူးတွဲကြေညာချက်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ၌ ထုတ်ပြန်ခဲ့ ပါသည်။
Source: Energy Portal.eu, 8 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)