
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင် ၊ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့်စာသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး စာအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ (၉.၈.၂၀၂၃)ရက်နေ့ နံနက်(၀၆:၀၀)နာရီအချိန်တွင် အမှတ်(၉)ရပ်ကွက် ပြည်နယ်ကမ္မဋ္ဌာန်းကျောင်း အခွန်လွတ်ဈေရှိ ပြည်သူများအား ကရင်ပြည်နယ်၊ ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဈေးကားဖြင့် စားအုန်းဆီ (၁)ပိဿာလျှင် (၄၅၅၀)ကျပ်၊ ဘူးခွံဘိုး(၅၀၀)ကျပ် စုစုပေါင်းစားအုန်းဆီ(၁)ပိဿာလျှင် (၅၀၅၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုအား ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့်နှင့် ဝန်ထမ်းများက သွားရောက်ပူးပေါင်းကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေး၊ စားအုန်းဆီဈေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ဝယ်ယူနိုင်ရေးနှင့် စားအုန်းဆီဝယ်ယူရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)