ပခုက္ကူမြို့ စာသင်ကျောင်းများသို့သွားရောက်၍ စားသုံးသူ အသိပညာပေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် က အနီးကပ်ကြီးကြပ်၍  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၄.၈.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့  အခြေခံပညာအလယ်တန်းကျောင်း (အ.လ.က-၃)၌ ဆရာ/ ဆရာမ(၂)ဦး၊ ကျောင်းသား/ ကျောင်းသူ(၇၈)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

  စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်း နှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်း တာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ရာတွင် စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ငွေကြေးပိုင်းဆိုင်ရာဖြစ်စေ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (1535)အား ဖွင့်လှစ် ထားကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

   ဒု-ဦးစီးမှူး ဒေါ်တင်တင်မော်က ဆွေးနွေးရာတွင် ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော စားသုံးသူ အခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုလို လာရောက်အသိပညာပေးရခြင်း ဖြစ်ကြောင်း၊ အခွင့်အရေးများကို သိရှိမှသာ ရယူနိုင်ပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်မလာနိုင်ကြောင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထိခိုက်နစ်နာမှုများ ရှိလာပါက တိုင်ကြားခွင့်၊ အလျော်အစား ရပိုင်ခွင့်နှင့် ကုစားခွင့်များအား ရှင်းလင်းလွယ်ကူစွာ ဟောပြောဆွေးနွေးခဲ့ပါသည်။

   ဒု-ဦးစီးမှူး ဒေါ်သူဇာကျော်က ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်(၈)ချက်အား ကျောင်းသား/ကျောင်းသူများ အလွယ်တကူ နားလည်နိုင် စေရန်အတွက် နမူနာအစားအသောက်များပြသ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော စားသောက်ကုန်နှင့် သတ်မှတ်ချက်နှင့်မညီသော အစားအသောက်များအား ခွဲခြားတတ်စေရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ဆက်လက်၍ အသိပညာပေး ဟောပြော ဆွေးနွေးပွဲအပြီးတွင် ဟောပြောခဲ့သည့်အကြောင်းအရာများကို အမေးအဖြေပြုလုပ်၍ ဖြေဆိုနိုင်သူ များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

DOCA(မကွေး)