အလှကုန်များဘေးအန္တရာယ်ကင်းရှင်းဖို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်စို့

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ပူးပေါင်း၍ ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ် အိတ်သုံးစွဲမှုလျော့ချရေး ကမ်ပိန်း(Campaign)ပြုလုပ်ခြင်းနှင့် စားသုံးပြည်သူများဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချ ရမှုရှိစေရေးအတွက်ရည်ရွယ်၍ (၇.၈. ၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပခုက္ကူမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များနှင့် မုန့်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များမှာ သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ၊ ကုန် အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ်အိတ် မသုံးစွဲရေးနေ့ သတ်မှတ်၍ သဘာဝပတ်ဝန်းကျင် အမြင်တင့်တယ်လှပစေဖို့ ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ်အိတ် အစား စက္ကူ၊ အင်ဖတ်နှင့်ငှက်ပျောဖတ်များ အစားထိုးအသုံးပြုကြစို့ ကမ်ပိန်း(Campaign)ကို အသိပညာ ပေးခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

    ဆက်လက်၍ ပခုက္ကူခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ ကုန်မျိုးစုံဆိုင်နှင့်စတိုးဆိုင်ရှင်များအား FDAမှသုံးစွဲရန်မသင့် ထုတ်ပြန် ထားသော Eyeshadaw(18)gတွင် တားမြစ်ဓာတုပစ္စည်း Rhodamine B&(Lead)ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်  သုံးစွဲရန်မသင့် အလှကုန်ပစ္စည်းအား ဈေးကွက်အတွင်းရောင်းချခြင်း မပြုရန်၊  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အခန်း(၁၈)၊ ပုဒ်မ(၄၁)အရကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့်ကုန်စည်များကိုသာ ရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြ ချက်၊ ကြိုတင်သတိပေးချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရန်နှင့် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရန် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိ ရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင် များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)