ထားဝယ်မြို့ အိုးလုပ်စျေးနှင့်ကမ်းနားပျံကျစျေးတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၃ခုနှစ်၊ သြဂုတ်လ၁၀ရက်နေ့၊ နံနက်(၈း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အိုးလုပ်စျေးနှင့်ကမ်းနားပျံကျစျေးတို့အား သက်ဆိုင်ရာဌာနများဖြစ်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် စျေးများအတွင်းရောင်းချနေသော ငါးပိ၊ငရုတ်သီးမှုန့်နှင့် ချဥ်ဖတ်များတွင်စာသုံးသူပြည်သူများ အန္တရာယ်ဖြစ်စေနိုင်သည့် ဆိုးဆေးများနှင့်တာရှည်ခံဆေးများပါရှိမှုရှိ/မရှိ စစ်‌ဆေးခြင်း၊ငါးနှင့် ပုစွန်များတွင် ဖော်မလင်ဆေးရည်များ ထိုးနှံရောင်းချခြင်းရှိ/မရှိကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ mobile laboratory ယာဥ်ဖြင့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA (တနင်္သာရီ)