ကျွန်းလှမြို့ သစ်ရာမြိုင်ရပ်ကွက် ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၀)ရက်နေ့ နံနက်(၀၉;၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ  ကုန်စုံဆိုင်များအား ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယ ဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးမှ ဒုတိယ ဦးစီးမှူး ဦးမင်းကျော့မောင် ၊ ကျွန်းလှမြို့မစခန်းမှ ရဲတက သိန်းဇော်ဌေး၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး နှင့် စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံရုံး (အကြီးတန်းစာရေး)ဒေါ်ဝေဝေအောင်တို့မှ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချသည့် ကုန်ပစ္စည်းများအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/ မရှိ ၊ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ နှင့် သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်များကိုသာတွေ့ရှိရကာ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် ကိုက်ညီမှုရှိပြီး သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချမှုမရှိသော်လည်း ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိရောင်းချသည့် ကုန်စည်အပေါ် တာဝန်ရှိမှုကို နားလည်သိရှိစေရန် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ  အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်ပစ္စည်းများကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ထည့်သွင်ဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ အတည်ပြုချက် ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့ စားသုံးသူရေးရာဦးစီးဌာနမှ အခမဲ့ကူညီဆောင်ရွက်ပေးပါကြောင်း ၊ ဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် လိုက်နာရမည့် အချက်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ပေးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)