ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း စားအုန်းဆီစျေးနှုန်းမှာ တစ်ပိဿာလျှင်ကျပ် ၈၇၀၀ ရှိခဲ့ပြီး သြဂုတ်လ ဒုတိယပတ်အတွင်း တစ်ပိဿာလျှင် ကျပ် ၉၅၀၀ ဖြင့် အရောင်းအဝယ်ရှိ၍ စျေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ကချင်ပြည်နယ်သို့ စျေးကားဖြင့်ခွဲဝေသတ်မှတ်ပေးသည့် စားအုန်းဆီများကို မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏အစီအစဥ်ဖြင့် ကချင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကချင်ပြည်နယ် အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ ရပ်ကွက်ကျေးရွာများ၊စျေးများတွင်သတ်မှတ်ရည်ညွှန်းစျေး အပေါ်အခြေခံ၍ သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ကချင်)