စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၌ သတင်းဆောင်းပါးရေးသားနည်းနှင့် မှတ်တမ်း ဓာတ်ပုံ၊ဗွီဒီယိုများ စနစ်တကျရိုက်ကူးမှတ်တမ်းတင် ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သတင်းဆောင်းပါးရေးသားနည်းနှင့် မှတ်တမ်း  ဓာတ်ပုံ၊ဗွီဒီယိုများ စနစ်တကျရိုက်ကူး မှတ်တမ်းတင် ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ၈.၈.၂၀၂၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ နံနက် (၉:၃၀) နာရီမှ စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ နည်းပြများ၊ အရာထမ်းများ၊ အမှုထမ်းများ(၂၃)ဦးနှင့်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း(၂၀)ဦးနှင့်  ခရိုင်ဦးစီးမှူးရုံးများမှ Online ဖြင့်တက်ရောက်သူ(၁၀)ဦး၊ သင်တန်းသား /သူများ (၃၀)ဦး၊ စုစုပေါင်း (၅၃)ဦးတက် ရောက်ခဲ့ပြီး သင်တန်းကို ၈.၈.၂၀၂၃ ရက်နေ့မှ ၉.၈.၂၀၂၃ ရက်နေ့ထိ (၂)ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပါသည်။

   အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ၊ ဦးဝေဖြိုးထက်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သတင်း ဆောင်းပါးရေးသားဖော်ပြရသည့်ရည်ရွယ်ချက်များ၊ သတင်း၏အရေးပါပုံများ၊ သတင်းများ ရေးသားကြရာတွင် အချက်အလက်စုဆောင်းခြင်းများ၊ ရေးသားတင်ပြပုံနည်းစနစ်များ၊ နည်းပြများမှ သင်ကြားရာတွင် စနစ်တကျ လေ့လာသင်ယူကြရန် ပြောကြားခဲ့ပါသည်။

    ဆက်လက်၍  စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းနည်းပြဆရာများက သတင်းဆောင်းပါးများရေးသားနည်းများ၊ ဓာတ်ပုံရိုက်နည်းများ၊ သတင်းဗွီဒီယိုဖိုင် အဆင့်ဆင့်ပြုလုပ်နည်းများ  ၊ တည်းဖြတ်နည်းများ၊ အသံထည့်နည်း၊ ဓာတ်ပုံထည့်နည်း၊ မီဒီယာအသုံးပြု၍ သတင်းမှတ်တမ်း၊ Corporate Video File ပြုစုထိန်း သိမ်းရေး နည်းလမ်းများ၊ သတင်းဆောင်းပါး ရေးသားရာတွင် ရှောင်ရန်နှင့် ဆောင်ရန်အချက်များအား ဝန်ထမ်းများသိရှိ နားလည်စေရန် ဘာသာရပ်အလိုက် အသေးစိတ်ရှင်းလင်းဆွေးနွေး ပို့ချခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)