စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၀.၈.၂၀၂၃ ရက်‌နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၌ ပြုလုပ်သော မူးယစ်ဆေးဝါးကင်းစင်‌ရေး သင်တန်းတွင်  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ  ပြုလုပ်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး၏  အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့်တာဝန်(၄)ချက်၊ ကုန်ပစ္စည်းဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားကို သတင်းအချက်အလက်ပြည့်စုံ၍ မိမိလိုအပ်ချက်နှင့်ကိုက်ညီ၍ စိတ်ကျေနပ်မှုရရှိသည့်ကုန်စည်ကိုသာ ဝယ်ယူကြရန်၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားမှုဖြေရှင်းရန် CICCရုံးများဖွင့်လှစ်ထားရှိမှုနှင့်Call Center(1535)သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။အဆိုပါ ဟောပြောပွဲသို့  သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ(၆၇)ဦး  တက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)