ဈေးကွက်စောင့်ကြည့်စစ်ဆေး အသိပညာပေးဆောင်ရွက်ခြင်း

Powered by Drupal

     ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမောင်လှဝင်း (ဦးစီးအရာရှိ)သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၊ ကျန်းမာရေး ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၁၀-၈-၂၀၂၃) ရက်နေ့နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အတွက်စားသုံးရန်မသင့်သော အစားအသောက်များ၊ ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ၊ စစ်တွေ မြို့ပေါ် ရပ်ကွက်ဖြစ်သည့် မောလိပ်ရပ်ကွက်ရှိ စားသုံးကုန်မျိုးစုံရောင်းချသော (ရွှေငါးစတိုး)၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ (ဖြိုးစတိုး) ၊ဘောလုံးကွင်းရပ်ကွက်ရှိ( FamilyMark စတိုး) နှင့် ( KU KU စတိုး)များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ FDA ဌာနမှထုတ်ပြန်ထားသည့် စားသုံးရန်မသင့်သော စားသုံးကုန်များ ရောင်းချမှု ရှိ / မရှိစစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိချက်အရ စားသုံးရန်မသင့်သော အစားအသောက်များနှင့် သက်တမ်းလွန် စားသုံးကုန် များအား အဖွဲ့ဖြင့် သိမ်းဆည်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ စားသုံးရန်မသင့်သော သက်တမ်းလွန် မုန့်ပဲသရေစာအာလူး ကြော်နှင့်စာကလေးချောင်း (၁၀၀gအထုပ်၊ (၉)ထုပ်)နှင့်စားသုံးရန်မသင့်သော ဆင်ဖြူတော်အမှတ်တံဆိပ် ဆားချိုသီး (၁၈၀gတစ်ဗူး) အား အဖွဲ့ဖြင့်သိမ်းဆည်းပြီး၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးရန်မသင့်သော သက်တမ်းလွန် စားသုံးကုန်များရောင်းချမှုမပြုရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သတ်၍ တင်သွင်း ရောင်းချသည့်ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များနှင့် နိုင်ငံခြားမှတင်သွင်းသည့် စားသုံးကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရှိလျှင်ဖြစ်စေ၊ ရေးသားဖော်ပြထားသော ကုန်စည်များအား ဝယ်ယူရောင်းချမှု မပြုကြရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သတ်သည့် လက်ကမ်းစာစောင်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များ ပါဝင်သည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)