မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းဆောင်ရွက်နေသည့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကြီးနီစံပြကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ (၅.၈.၂၀၂၃)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သိမ့်ဝါက ဆိုရှယ်မီဒီယာ၏ကောင်းကျိုး၊ ဆိုးကျိုးများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောမြဖောင်းက “သဘာဝဘေး အသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဒေါ်မြတ်မြတ်မိုးက “ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သည့် ပစ္စည်းများအားဝယ်ယူသုံးစွဲတတ်စေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ် တာဝန်ခံဒေါ်ဆုဆုဇင်က “ရေချိုသယံဇာတအကြောင်း သိကောင်းစရာများ”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ပြီး ကြီးနီစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ကြူမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါဟောပြောပွဲသို့ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၂၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)