မကွေးမြို့၌ ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးရာ စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်

Powered by Drupal

     ၂၀၂၃-ခုနှစ်၊ ဩဂုတ်လ (၄)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ ပြည်တော်သာစျေးအရှေ့တွင် မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မကွေးမြို့နယ်အတွင်း တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား ပြည်သူလူထုထံသို့ စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိခဲ့ပါသည်။

     ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအရာထမ်း၊ အမှုထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းတို့မှ ပြည်သူလူထုထံသို့ စျေးနှုန်းသက်သာစွာဖြင့် ဆန်(၁)ပြည်လျှင် ကျပ်(၃၅၀၀)၊ ဆီ(၅၀) ကျပ်သားလျှင် ကျပ်(၁၃၀၀)၊ ကုလားပဲ (၁)ဘူးလျှင် ကျပ်(၈၀၀)၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် ကျပ် (၁၅၀)တို့ဖြင့် အိမ်ထောင်စု (၃၅၀)တို့အား ရောင်းချပေးခဲ့ရာ ဆန်(၁)အိတ်၊ ဆီ(၅၅၀)ပိဿာ၊ ကြက်ဥ (၅၀၀)လုံး၊ ကြက်သွန်နီ (၁၅)ပိဿာ၊ ကုလားပဲ (၁၀)ပြည်၊ ဆား(၂၀)ထုပ် ရောင်းချပေးနိုင်ခဲ့သဖြင့် နေ့စဉ်လူမှုစီးပွားဘဝ အထောက်အပံ့ဖြစ်စေနိုင်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)