ကံမမြို့နယ်၌ Talk Show အစီအစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံဒေါ်နွဲ့ယဉ်ဝင်းသည် ကံမမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ (၇-၈-၂၀၂၃)ရက်နေ့  (၁၄:၀၀)နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းအားသိရှိစေရန် အသိပညာပေး Talk Show ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အသိပညာပေး Talk Show ဟောပြောပွဲတွင် Onlineစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကို (၂၁-၇-၂၀၂၃)ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်  (၅၀/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း၊ မည်သူမဆိုအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဖြစ်ပါကြောင်း၊ ဤအမိန့် ကြော်ငြာစာကို ထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့်နေ့ရက်မှစတင်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅) အရအရေးယူခြင်းခံရမည် ဖြစ်ပါကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များမှာ ရောင်းချသောကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ (၁)တာဝန်ယူ ဖြေရှင်းဆောင်ရွက်ရန်၊ (၂)အရောင်းပြေစာပေးအပ်ရန်၊ (၃)ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့် အာမခံချက်များပေးအပ်ရန်၊ (၄)ကုန်စည်(သို့)ဝန်ဆောင်မှုအတွက် ကျသင့်တန်ဖိုးနှင့်ညီမျှသည့် အရည်အသွေးပြည့်မီစေရန်တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ (၅)ရောင်းချသောကုန်စည်နှင့်စပ်လျဉ်း၍ သတင်းအချက်အလက်(သို့)အာမခံချက်များနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် စားသုံးသူက ပြန်လည်အပ်နှံလိုပါက သတ်မှတ်ချက်နှင့် ပြန်လည်အပ်နှံနိုင်သည့် ကာလတို့ကိုသတ်မှတ်၍ ယင်းတို့နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ (၆)မှတ်ပုံတင် လျှောက်ထားစဉ်က ရောင်းချမည့် ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းတွင် ပါဝင်ခြင်းမရှိသော ကုန်စည် (သို့) ဝန်ဆောင်မှု ရောင်းချခြင်းကို ရှောင်ကြဉ်ရန် (၇)ကုန်စည်(သို့)ဝန်ဆောင်မှု ရောင်းချရာတွင် စားသုံးသူကို မထီမဲ့မြင်ပြုခြင်း၊ ဂုဏ်သိက္ခာကို ထိခိုက်စေသော ပြုမူပြောဆိုခြင်းကို ရှောင်ကြဉ်ရန် (၈)ကုန်စည်(သို့)ဝန်ဆောင်မှု အတွက် စားသုံးသူက ငွေပေးချေရန် နည်းလမ်းများနှင့် စပ်လျဉ်း၍ ရိုးရှင်းမှတ်ကန်သော သတင်းအချက်အလက်များပေးရန် (၉)စားသုံးသူထံ ကုန်စည်ပို့ဆောင်မည့် နည်းလမ်းနှင့် သတ်မှတ်ချက်များကို မရောင်းချမီ ကြိုတင်အသိပေးခြင်း၊ ရွေးချယ်ခွင့်ပေးခြင်းနှင့်အညီ ကုန်စည်ပို့ဆောင်ပေးခြင်းဆောင်ရွက်ရန်၊ (၁၀)စားသုံးသူ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် (သို့) စားသုံးသူကမဖော်ပြလိုသော အချက်အလက်များကို ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ အစိုးရ ဌာန၏ညွှန်ကြားချက်အရဖြစ်စေ ထုတ်ဖော်ခြင်းမှတစ်ပါး ယင်းတို့ကို ထုတ်ဖော်ခြင်းမပြုပဲ ထိန်းသိမ်းရန်၊ (၁၁)အွန်လိုင်းစနစ် ရောင်းချခြင်းမှတဆင့် နိုင်ငံရေး၊ လုံခြုံရေးကို ပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ဟောပြောခြင်း၊ စည်းရုံးခြင်း၊ အားပေးခြင်း၊ ဆန္ဒဖော်ထုတ်မှုများ ရှောင်ကြဉ်ရန်၊ (၁၂)မှတ်ပုံတင်လက်မှတ်ကို အခြားသူသို့လွှဲပြောင်းခြင်းမှရှောင်ကြဉ်ရန်၊ (၁၃)ပွင့်လင်းမြင်သာစွာ ရောင်းချရန်၊ (၁၄)အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန် စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရ၊ အဖွဲ့အစည်းကချမှတ်သောစည်းကမ်းများ တိကျစွာလိုက်နာရန်၊ (၁၅)ဝန်ကြီးဌာန၊ ဦးစီးဌာနမှအခါအားလျော်စွာ ထုတ်ပြန်သည့်စည်းကမ်းများ လိုက်နာရန် ဟောပြောခြင်းများ၊ မည်သူမဆို မှတ်ပုံတင်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းကိုတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အနည်းဆုံးထောင်ဒဏ် ခြောက်လမှအများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရမည့်အပြင် ကျပ်ငါးသိန်းထက် မပိုသောငွေဒဏ်လည်း ချမှတ်ခြင်းခံရမည် ဖြစ်ပါကြောင်း အသိပညာပေး ( Talk Show )ဖြင့် ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(မကွေး)