မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံလူတန်းစား ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးနိုင်ရေး ဆန်စပါးကုန်သည်များအသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံလူတန်းစား ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးနိုင်ရေးအတွက် ( ၃.၈.၂၀၂၃ ) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် မကွေးကုန်စည်ဒိုင်ခန်းမ၌ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် မကွေးတိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူများ အပါအဝင် ဆန်စပါးကုန်သည် (၄၀) ဦးတို့အား တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

      အဆိုပါအစည်းအဝေးမှ ဆန်စပါးကုန်သည်များနှင့် ညှိနှိုင်းဆွေးနွေးရာတွင် မကွေးမြို့နယ် ဆန်စပါးကုန်သည်များမှ လက်ရှိ ဆန်တစ်အိတ်လျှင် (၇၂၀၀ဝိ/-) ခန့် ပေါက်ဈေးရှိသော သီးထပ်ရင် အမျိုးအစား (အလတ်စ) ဆန်ကို သက်သာသောဈေးနှုန်းအဖြစ် တစ်အိတ်လျှင် (၆၀၀၀ဝိ/-) နှုန်း၊ ဆန် (၁)ပြည်လျှင် (၂၅၀ဝိ/-) ဖြင့် ( ၁ ) ပတ်လျှင် ဆန် ( ၁၅ ) အိတ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ အပ်နှံ၍ ရောင်းချပေးမည်ဖြစ်ကြောင်း၊ ကျန်မြို့နယ်များတွင်လည်း သက်သာသော ဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဆန်စပါးကုန်သည်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ကြောင်း သတင်းရရှိပါတယ်။

DOCA(မကွေး)