မြိတ်မြို့ရှိ အချိုရည်ဗူးများတွင် ကုန်အညွှန်းအမှတ်အသားပါရှိစေရေး ကွင်းဆင်း

Powered by Drupal

       မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍  ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာပါရှိစေရေးအတွက်  ဦးစားပေးကုန်စည်တစ်မျိုးဖြစ်သည့် အချိုရည်ဗူးများကို ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်နှင့် သက်ဆိုင်ရာဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ သြဂုတ် လ(၁၁)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ အချိုရည်လက်ကားဒိုင်များသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

        ထို့သို့စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြိတ်မြို့ပေါ်ရှိ အချိုရည်လက်ကားဒိုင်များရှိ အချိုရည်ဗူးများတွင် ကုန်အညွှန်းအမှတ်အသားပါရှိနေကြောင်း သိရှိရပြီး ကုန်စည်များတွင် exp date(သက်တမ်းကုန်ဆုံးရက်) များစစ်ဆေးရောင်းချရန် ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)