စစ်ကိုင်းမြို့ပေါ်ရှိ အချိုရည်အမျိုးမျိုးရောင်းချခြင်းအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဩဂုတ်လ(၁၀)ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော “banner” Mini Mart ၊ “ကိုသူရ” ကုန်မျိုးစုံဖြန့်ချီရေးဆိုင် (၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   စစ်ဆေးခဲ့သော ကုန်မျိုးစုံဆိုင် (၂)ဆိုင်သို့ ဖြန့်ဖြူးရောင်းချနေသော အသင့်သောက်အချိုရည် အမျိုးမျိုးနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှု ရှိ/ မရှိ၊ ကန့်သတ်တားမြစ်ထားသည့် ဓာတုဆိုးဆေးများ၊ ဓာတုသကြားများ အသုံးပြုထားခြင်း ရှိ/ မရှိ       စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်း ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စစ်ကိုင်းခရိုင် ဦးစီးမှူးက စစ်ဆေးခဲ့သော ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)အရ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)