ကသာခရိုင်အတွင်း ကုန်စည်စီးဆင်းမှု မြေပြင်အခြေအနေ ကွင်းဆင်းမှတ်တမ်း ရယူခြင်းဆောင်ရွက်

Powered by Drupal

    ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးနှင့် ဝန်ထမ်းများသည် ကသာခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားချက်အရ ခရိုင်တွင်း ကုန်စည်စီးဆင်းမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှု အခြေအနေများအား မြေပြင်အခြေအနေသိရှိနိုင်ရန်အတွက် ၂၀၂၃-ခုနှစ် ဩဂုတ်လ(၁၄) ရက်နေ့ နံနက်ပိုင်းတွင် ကသာမြို့ပေါ်ရှိ ကုန်စည်သယ်ယူပို့ဆောင်ရေး ကားဂိတ်များသို့ ကွင်းဆင်း မှတ်တမ်းရယူ ဆောင်ရွက်ခဲ့ပါသည်။

    ကသာမြို့သည် ခရိုင်မြို့ဖြစ်သောကြောင့် လူဦးရေထူထပ်ပြီး ဈေးကွက်ကျယ်ပြန့်သော မြို့ဖြစ်သည်။ လက်လီ/လက်ကား ကုန်သည်ပွဲစားများသည် ကသာမြို့တွင် အခြေချကာ ဆိုင်များဖွင့်လှစ်ပြီး အခြားမြို့နယ်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ ကသာမြို့တွင် ရွှေဇင်ယော်ကားဂိတ်၊ Seven Star ကားဂိတ်၊ အောင်ကြီးကားဂိတ်၊ ရတနာကားဂိတ်၊ ကသာမန်းကားဂိတ်၊ မန်းကံ့ကော်ကားဂိတ် စသည်ဖြင့် ကုန်ကားဂိတ်(၆)ဂိတ်ရှိကြောင်း ခရိုင်ပို့ဆောင်ရေးစီမံခန့်ခွဲမှုဦးစီးဌာနစာရင်းများအရ သိရ သည်။ ကုန်ကားဂိတ်(၆)ဂိတ်တွင် အသင်းဝင်ကုန်ကား စုစုပေါင်း(၁၄)စီးရှိပြီး နေ့စဉ် ကားနှစ်စီး သို့မဟုတ် သုံးစီးခန့် အလှည့်ကျ ပြေးဆွဲလျက်ရှိကြောင်း သိရပါသည်။

    လက်ရှိအချိန်သည် ဆန်၊ စပါး၊ ပဲမျိုးစုံ၊ ပြောင်း စသည့် သီးနှံပေါ်ချိန် မဟုတ်သောကြောင့် ကသာမြို့မှ အခြားမြို့နယ်အသီးသီးသို့ ပို့ကုန်အနည်းငယ်သာရှိပြီး ရန်ကုန်၊ မန္တလေးမြို့မှ ကသာမြို့သို့ မုန့်မျိုးစုံ၊ ကုန်ခြောက်နှင့် အိမ်ဆောက်ပစ္စည်းများ ပုံမှန်ဝင်ရောက်မှုရှိသောကြောင့် ဈေးကွက်အတွင်း အဆိုပါ ကုန်စည်များ ပြတ်လပ်မှု မရှိနိုင်ကြောင်း ကုန်ကားဂိတ်လုပ်ငန်းရှင်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)