MSMEs လုပ်ငန်းများကွင်းဆင်းစစ်ဆေး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများခရီးစဉ်တွင် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လှည့်လည်ကြည့်ရှု့စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် ညောင်လေးပင်ခရိုင် ၊ ညောင်လေးပင်မြို့သို့ ရောက်ရှိသည့်အချိန်၌ အဆင်သင့် ကြည့်ရှု့ နိုင်ရန်ရည်ရွယ်၍ ညောင်လေးပင်မြို့ ၊ မြို့မ(၃) ၊ ရွာသစ်ရပ်ကွက်အတွင်း ‘မြင့်မိုရ်မေမေ’ မုန့်မျိုးစုံလုပ်ငန်းနှင့် ဒိုက်ဦးမြို့နယ်မှ ‘ဂြိုလ်တု’ကွာစိလုပ်ငန်း၊ ‘နှင်းဆီ’ ကွာစိလုပ်ငန်းများအား (၉.၈.၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်အတူ မြို့နယ်တာဝန်ခံများမှ သွားရောက် စစ်ဆေးလေ့လာခဲ့ပါသည်။

    ညောင်လေးပင်မြို့၊ မြို့မ(၃)၊ ရွာသစ်ရပ်ကွက်အတွင်း လုပ်ကိုင်လျက်ရှိသော ‘မြင့်မိုရ် မေမေ’ မုန့်မျိုးစုံလုပ်ငန်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေရယူပြီး လုပ်ငန်းတိုးချဲ့ လုပ်ကိုင်လာနိုင်ကြောင်း၊ ယခင်တစ်နိုင်တစ်ပိုင်သာ လုပ်ကိုင်လျက်ရှိပြီး ယခုအခါ ချေးငွေရရှိသည့် အချိန်မှစ၍ မုန့်ပေါင်းဖိုနှင့် ပါကင်ပိတ်စက်များဝယ်ယူ၍ မုန့်အရေအတွက် ပိုမို၍ ထုတ်လုပ်လာ နိုင်ကြောင်း၊ ချေးငွေရရှိသည့်အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါကြောင်းနှင့် ယခင်တစ်နိုင်တစ်ပိုင်သာ လုပ်ကိုင်ရာမှ ယခုအခါ စီးပွားဖြစ်လုပ်ကိုင်နိုင်ရန် ကြိုးစားသွားမည်ဟု မြင့်မိုရ်မေမေ မုန့်မျိုးစုံလုပ်ငန်းပိုင်ရှင်မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)