မုံရွာမြို့ဆီကုန်သည်များအသင်းမှ စားအုန်းဆီ ရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၁၄.၈.၂၀၂၃) ရက်နေ့၊ (၁၀:၀၀)နာရီ အချိန်တွင် မုံရွာမြို့၊ မြဝတီရပ်ကွက်နေ ပြည်သူများအား ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသော စားအုန်းဆီများကို စစ်ကိုင်းတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စျေးကားဖြင့် စားအုန်းဆီ (၁)ပိဿာလျှင် (၄၇၀၀) ကျပ်၊ ဘူးခွံတစ်ဘူးလျှင်(၈၀၀)ကျပ် စုစုပေါင်း စားအုန်းဆီ (၁) ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းဖြင့် ပြည်သူတစ်ဦးလျှင် (၁) ပိဿာနှုန်းရောင်းချပေးနေမှုအား မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းတို့မှ သွားရောက်ပူးပေါင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေး စားအုန်းဆီစျေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး စားအုန်းဆီ ဝယ်ယူရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(စစ်ကိုင်း)