စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းအား ၂၀၂၃-ခုနှစ် ဩဂုတ်လ(၁၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး၊ ကသာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကသာမြို့ရှိ ကုန်စုံဆိုင် (၂)ဆိုင်အား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
စစ်ဆေးသည့် ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော မြေပဲဆီ/စားအုန်းဆီစသည့် ဆီဘူးများအား စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသား သတ်မှတ်ချက်များ၊ ညွှန်ကြားချက်(၁/၂၀၂၁)ပါ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) များတွင် ထည့်သွင်း ဖော်ပြရမည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီဘူးများမှာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည်ကို တွေ့ရှိရပြီး ရောင်းချသူ ဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထား သည့် ကုန်စည်များကိုသာ ရောင်းချရန် မှာကြားဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)