ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ထုတ်ကုန်များရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးတို့၏ လမ်းညွှန်မှုနှင့် ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မြို့နယ် တာဝန်ခံ  ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ (၁၁.၈.၂၀၂၃)နေ့ နံနက် (၀၉:၀၀)နာရီ  အချိန်တွင် ပွင့်ဖြူမြို့၊ မြို့မဈေးနှင့်မြို့ပေါ်ရပ်ကွက်များရှိကုန်စုံဆိုင်များ၊ စတိုးဆိုင်များ အားဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ထုတ်ကုန်လုံခြုံစိတ်ချရသည့် ကုန်ပစ္စည်းများကို ဝယ်ယူစားသုံးခြင်းဖြင့် စားသုံးသူများ အစားအစာ ဘေးကင်းစေရေးအတွက် ပထမအကြိမ်အဖြစ် ပွင့်ဖြူမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်(၄)ဆိုင်အား လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် မြို့မဈေးအပြင်ဘက် ဆိုင်ခန်းများတွင် မုန့်မျိုးစုံရောင်းချ နေသော ဈေးဆိုင်(၄)ဆိုင်အား လည်းကောင်း၊ ပွင့်ဖြူမြို့အရှေ့ပိုင်းရပ်ကွက်ရှိ ကုန်စုံဆိုင်(၅)ဆိုင်အား တတိယအကြိမ်အဖြစ်လည်းကောင်း ပွင့်ဖြူမြို့အလယ်ပိုင်းရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်(၄) ဆိုင်အား စတုတ္ထအကြိမ်အဖြစ်လည်းကောင်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမထားသော အသင့်သောက်အချိုရည်များလည်းကောင်း၊ သက်တမ်းလွန်နေသော စားသောက်ကုန်များနှင့် တရားမဝင်တင်သွင်းထားသော ကုန်စည်များ ဈေးကွက်အတွင်းရောင်းချမှု မရှိစေရေးများအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

    ပွင့်ဖြူမြို့နယ်တာဝန်ခံသည် ကုန်စုံဆိုင်ပိုင်ရှင်နှင့် မုန့်ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဉပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များကို ရှင်လင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)