ကောင်းမွန်သာယာသော ပတ်ဝန်းကျင်တွင်နေထိုင်စေပြီး အစားအစာများ ဘေးကင်းလုံခြုံစေရေး ကွင်းဆင်းဆောင်ရွက်ပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် မင်းဘူးခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်  မြို့နယ်တာဝန်ခံ  ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၄.၈.၂၀၂၃)နေ့ နံနက်(၀၇:၀၀)နာရီ အချိန်တွင် ပွင့်ဖြူမြို့နယ် ကုန်းဇောင်းဈေး၌ ကျင်းပသော ပလတ်စတစ် ကြွပ်ကွပ်အိတ်သုံးစွဲမှုလျော့ချစေရေး  Compaing များပြုလုပ်ခြင်းနှင့် စားသုံးသူများ အစားအစာဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးအတွက် ကွင်းဆင်းပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံပေးမှုဖြင့် ကုန်းဇောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးလင်းမင်းညွှန့်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းနှင့်အတူ ကုန်းဇောင်းကျေးရွာတိုက်နယ် ကျန်းမာရေးမှ ဝန်ထမ်းများ ပူးပေါင်း၍ ကုန်းဇောင်းဈေးအတွင်း ရောင်းချလျက်ရှိသော ဈေးသည်များအား အပတ်စဉ် တနင်္လာနေ့တိုင်းအား ပလတ်စတစ် ကြွပ်ကြွပ်အိတ်အား သုံးစွဲခြင်းမပြုကြရန်နှင့် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်များနှင့် သတင်းစာစက္ကူများ အစားထိုးသုံးစွဲကြရန်နှင့် မိမိ မြို့ရွာနှင့် မိမိပတ်ဝန်းကျင် သာယာလှပပြီး ကျန်းမာရေးဆိုးကျိုးများ ဖြစ်စေနိုင်သော အသိပညာများ ဖြန့်ဝေခဲ့ပြီး ကုန်းဇောင်းဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ စားသုံးဆီများအား ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်းများကိုလည်း မိတ်ဖက်ဌာနများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုနောက် မြို့နယ်တာဝန်ခံသည် ကုန်စုံဆိုင်ရောင်းချနေသော ဈေးဆိုင်ပိုင်ရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရမှုရှိသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသော စားသုံးဆီများကိုသာ ရောင်းချကြပါရန်နှင့် စားသုံးသူကာကွယ်ရေးဉပဒေ (၂/၂၀၁၉) အခန်း(၁၀)ရှိ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်(၁၁)ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)