ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ စားသုံးသူရေးရာကော်မတီသို့ Ocean Supercenter တာဝန်ခံမှ လာရောက်တွေ့ဆုံ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ စားသုံးသူရေးရာကော်မတီသို့ ပုသိမ်မြို့ပေါ်ရှိ Ocean Supercenter တာဝန်ခံနှင့် ဝန်ထမ်း (၁) ဦး ၊ ဩဂုတ်လ (၁၇) ရက်နေ့ ၊ နေ့လယ်(၁၃:၀၀) နာရီတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

     ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ ဒုတိုင်းဦးစီးမှူး ဦးဆောင်သော စစ်ဆေးရေးအဖွဲ့သည့် ဇူလိုင်လ (၁၄) ရက်နေ့ ၊ ပုသိမ်မြို့ ၊ ကမ်းနားလမ်း Ocean Supercenter တွင် ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်အပြင် သက်ဆိုင်ရာ ထောက်ခံချက် FDA ထောက်ခံချက် မပါရှိသည့် စားသုံးဆီ (၇) မျိုးတွေ့ရှိခဲ့ရာ စီးပွားရေးရာဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းထားသော ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီသို့ လာရောက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိုင်းဦးစီးမှူး ဦးစိုးဦး ၊ စားသုံးသူရေးရာဦးစီးဌာနခွဲ တာဝန်ခံ ဦးကျော်စိုးရီနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲ တာဝန်ခံ ဒေါ်ဖြူဖြူလတ် ၊ ပုသိမ်ခရိုင် ဦးစီးမှူး ဦးတင်စိုးလှိုင်တို့နှင့် တွေ့ဆုံခဲ့ပါသည်။

     ဒုတိုင်းဦးစီးမှူး ဦးစိုးဦးက အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေ ၊ နည်းဥပဒေ ၊ အမိန့် ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသော စားသုံးဆီများ နောင်တွင် ရောင်းချခြင်းမပြုရန် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေများကို ရှင်းလင်း၍ စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံ ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု တာဝန်ခံနှင့် ပုသိမ်ခရိုင်ဦးစီးမှူးတို့မှလည်း လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)