ကျိုက်လတ်မြို့ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်  ဝန်ထမ်းများသည်၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၇)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ကျိုက်လတ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်တာဝန်ခံရုံးတွင် ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်(   ၇   )ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးမှု၊ ကုန်စည်အပေါ် တာဝန်ရှိမှု၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များကို အသိပညာပေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာနတွင်    လာရောက်ပြုလုပ်ထားသော     ကုန်အညွှန်းအမှတ်အသားများကို ထုတ်လုပ်သော ကုန်စည်ပေါ်တွင် ထည့်သွင်းဖြန့်ဖြူးရောင်းချပေးရန်လိုအပ်ကြောင်းနှင့်အလေးချိန်ကိုဖော်ပြရာတွင် ကျပ်သားဖြင့် ဖော်ပြပေးရန် လိုအပ်ကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)