ဒေးဒရဲမြို့ အမှတ်(၁)ရပ်ကွက် စကားဝါလမ်းရှိ ဒေါ်ချို(ခေါက်ဆွဲဖတ်)လုပ်ငန်းသို့ MSMEsလုပ်ငန်း များ ဖွံ့ဖြိုးရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည်   ဒုတိယ-ခရိုင်ဦးစီးမှူးဦးစိုးမင်းထိုက်ဦးဆောင်သည့် ပူးပေါင်းအဖွဲ့နှင့်အတူ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၇)ရက်နေ့  နံနက်(၁၁:၀၀)နာရီတွင်ဒေးဒရဲမြို့ အမှတ်(၁)ရက်ကွက် စကားဝါလမ်းရှိ ဒေါ်ချို(ခေါက်ဆွဲဖက်)လုပ်ငန်းသို့  သွားရောက်၍ လုပ်ငန်းရှင်ဒေါ်ချိုနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် ဒုတိယခရိုင် -ဦးစီးမှူးမှ ခေတ်မီစက်ကြီးများဖြင့် ထုတ်လုပ် လျက်ရှိသည့်အတွက် အားရကျေနပ်မိပါကြောင်းနှင့် တစ်နေ့အတွက် ထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်ရရှိမှုအခြေအနေများကို   ဆွေးနွေးမေးမြန်းခဲ့ပါသည်။ လုပ်ငန်းရှင်ဒေါ်ချိုမှလည်း လျှပ်စစ်မီးပုံမှန်မလာသဖြင့် စက်သုံးဆီဝယ်ယူသုံးစွဲရာတွင် ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် တွက်ခြေ ကိုက်မှုနည်းပါးလျက်ရှိပါသည်။ လျှပ်စစ်မီးပုံမှန်ရရှိပါက လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုရှိလာမည် ဖြစ်ကြောင်းတင်ပြဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)