ဖျာပုံမြို့ အမှတ်(၇)ရပ်ကွက် အမှတ်(၉)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည်   ကျန်းမာရေးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်   ဖျာပုံမြို့ အမှတ်(၇)ရပ်ကွက် အမှတ်(၉)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးမင်းဇော်က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ  သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်နှင့်စပ်လျဉ်း၍ စားသုံးသူများက ရွေးချယ်ဝယ်ယူစားသောက်ကြရန်  အတွက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ကြရမည့်အချက်များကို ကုန်စည်များတွင်  ဖော်ပြထားကြောင်း၊ကုန်စည်၊ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများနစ်နာမှုရှိလာပါက အရေးဆို တိုင်ကြားနိုင်သည့် Call Center (1535)သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းအား ကျန်းမာရေးဌာနနှင့်အတူ စစ်ဆေးခဲ့ပါသည်။အခမ်းအနား သို့ ဆရာ/ဆရာမ(၁၀)ဦး၊ ကျောင်းသား / ကျောင်းသူ(၃၂၁)ဦး၊ စုစုပေါင်း(၃၃၁)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)