ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးစိုးဦး ၊ ပုသိမ်ခရိုင် ဦးစီးမှူး ဦးတင်စိုးလှိုင် ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ ဦးအောင်ငွေတို့သည် ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ (ဗဟိုဈေးကားကြီးကြပ်ရေးအဖွဲ့)မှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ဒုတိယထပ်အစည်းအဝေးခန်းမတွင် zoom meeting ဖြင့် ကျင်းပပြုလုပ်သော လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်၊၊

    အဆိုပါ အစည်းအဝေးကို နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီး/ ပြည်နယ်များတွင် စားသုံးဆီဖြန့်ဖြူးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ ဗဟိုဈေးကားကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လွင်မှ ယခင်လနှင့် ယခုလဆီအဝင်အထွက်များတွင် ယခုလပိုရရှိမှာဖြစ်သလို စားသုံးသူပြည်သူများအတွက် စားသုံးဆီရောင်းချရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ်ရုံးများနှင့် ခရိုင်ဦးစီးမှူးရုံးများမှလည်း ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်ပေးလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)