ရွှေဘိုပေါ်ဆန်း စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုများ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ နှစ်စဉ်မိုးစပါးစိုက်ပျိုးရာသီတွင် ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးမှုများပြားပြီး အရည်အသွေးလည်းကောင်းမွန်သဖြင့် ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေးအတွက် ပြင်သစ်နိုင်ငံ AFD(France Development Agency)၏ ထောက်ပံ့ကူညီမှုဖြင့် Recognition and Promotion of Geographical indication in Cambodia, Lao PDR and Myanmar (မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဒေသဆိုင်ရာအညွှန်းများကို အသိအမှတ်ပြုခြင်းနှင့် မြှင့်တင်ခြင်းစီမံကိန်း)ကို GRET Myanmarအဖွဲ့အစည်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။  ယခုလက်ရှိအချိန်တွင် ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေး ဆောင်ရွက်မှုအနေဖြင့် ဇွန်လအတွင်း ရွှေဘိုပေါ်ဆန်းကုန်အမှတ်တံဆိပ် (product Log)သုံးစွဲနည်းဆွေးနွေးပွဲကို ဆန်စက်ပိုင်   ဆန်ကုန်သည်များဖိတ်ကြား၍ ရွှေဘိုပေါ်ဆန်း အသင်းရုံးတွင်ကျင်းပခြင်း၊ ဇူလိုင်လအတွင်း ရွှေဘိုပေါ်ဆန်းအသင်း၏ ၂၀၂၄-၂၀၂၈ခုနှစ်အတွက် (Roadmap)ရေးဆွဲခြင်းနှင့် ရွှေဘိုပေါ်ဆန်းဈေးကွက်နှင့် အရောင်းမြှင့်တင်ခြင်း အလုပ်ရုံးဆွေးနွေးပွဲကို မန္တလေးမြို့ အမရာနဒီဟိုတယ်၌ (၁၄.၈.၂၀၂၃)ရက်နေ့မှ (၁၆.၈.၂၀၂၃)ရက်နေ့အထိ (၃)ရက်တိုင် ကျင်းပခဲ့ရာ GI Project မှ ပညာရှင်များ၊ Bridge အဖွဲ့၊ ဆန်စက်ပိုင်၊ ဆန်ကုန်သည်နှင့် တောင်သူများ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် ရွှေဘိုပေါ်ဆန်းအသင်းရေရှည်တည်တံ့ပြီး  လုပ်ငန်းဆောင်တာများ ဆက်လက် လုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်စေရန်၊ ရွှေဘိုပေါ်ဆန်းစပါး၊ ဆန်ရေရှည်တည်တံ့ပြီး ပျောက်ကွယ်မသွားရန်နှင့် အရည်အသွေးထိန်းသိမ်းရန်၊ ရွှေဘိုပေါ်ဆန်း စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့၊ ရောင်းချသူများ အကျိုးစီးပွားဖြစ်ထွန်းရန်၊ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးသည့် တောင်သူများ မျိုးကောင်း၊ မျိုးသန့်ရရှိရန်၊ ရွှေဘိုပေါ်ဆန်းစစ်စစ်ဖြစ်ကြောင်း ကုန်အမှတ်တံဆိပ် Logo ကို စားသုံးသူများသိရှိနိုင်စေရန်အတွက် ဈေးကွက်နှင့် အရောင်းမြှင့်တင်ခြင်း လုပ်ငန်းများအား Bridge အဖွဲ့နှင့် အသေးစိတ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)