ပြည်ပပို့ကုန်အလားအလာရှိသော ကရင်ပြည်နယ် လယ်ယာထွက်ကုန်ဈေးနှုန်း ဈေးကွက် အခြေအနေ

Powered by Drupal

    ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိဖြစ်ပေါ်လျက်ရှိသော ကရင်ပြည်နယ်၏ အခြေခံစားသောက်ကုန်နှင့် လယ်ယာထွက်ကုန် ဈေးနှုန်း/ဈေးကွက်အခြေအနေများ လေ့လာ၍စုစည်းဖော်ပြအပ်ပါသည်။

ဆန် /စပါး

      ကရင်ပြည်နယ်တွင် ဆင်းသုခစပါးကို အများဆုံးစိုက်ပျိုးကြပြီး ဒေသနှင့်ကိုက်ညီ၍ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။ စာရင်းဇယားများအရ ကရင်ပြည်နယ်သည် ဆန်ပိုဒေသဖြစ်သော်လည်း အဆင့်မီသိုလှောင်ရုံများမရှိခြင်း၊ အဆင့်မီကြိတ်ခွဲထုတ်လုပ်နိုင်မှု ဆန်စက်များကြီးကြီးမားမား မရှိခြင်းကြောင့် ကရင်ပြည်နယ်ထွက်စပါးများကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့များမှ အများဆုံး လာရောက်ဝယ်ယူ၍ စပါးကုန်ကြမ်းစီးထွက်မှု များပြားခဲ့ပြီး ဆန်လိုအပ်မှု ဖြစ်ပေါ်လျက်ရှိသည်။ ယခုအခါ ကရင်ပြည်နယ်အတွင်း ဆန်ဟောင်းလက်ကျန် နည်းပါးလာခြင်းနှင့် မိုးစပါးစိုက်ပျိုးဆဲ ကာလဖြစ်၍ စပါးအသစ်ပေါ်ရန် အချိန်လိုသေးခြင်း၊  စပါးဟောင်းလက်ကျန်နည်းပါးလာခြင်းကြောင့် ဆန်/စပါးဈေးမှာ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကရင်ပြည်နယ်ဒေသထွက် ဆင်းသုခ စပါးတင်း ၁၀၀ လျှင် သိန်း ၂၀ ထိ ဈေးနှုန်းဖြစ်လျက်ရှိပြီး ဈေးကွက်အတွင်း စက်ပိုင် လက်ကျန်သာရှိကြောင်းနှင့် အရောင်းအဝယ်မရှိကြောင်းသိရသည်။ ကရင်ပြည်နယ်အတွက် လိုအပ်သောဆန်များကို ရန်ကုန် (မှော်ဘီ၊တိုက်ကြီး) နှင့် ပဲခူး၊တောင်ငူ၊ရွှေဘိုမြို့တို့မှ မှာယူစားသုံးလျက်ရှိကြောင်းနှင့် ကရင်ပြည်နယ်အတွင်းသို့ ဇူလိုင်လအတွင်း ဆန်စီးဝင်မှု   ၂၀၂၃ တန်ရှိခဲ့ကြောင်းနှင့် ဩဂုတ်လအတွင်း ၁၁၃၅ တန်ဖြစ်ကြောင်းသိရသည်။          ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၁ ပြည်လျှင် ၃၁၂၅ / ကျပ် ၊၂၄ ပြည် ၁ အိတ် လျှင် ၇၅၀၀၀ ကျပ်ရှိကြောင်းနှင့် ပေါ်ဆန်းဈေးနှုန်းများမှ အရည်အသွေးနှင့် အမျိုးအစားပေါ် မူတည်၍ တစ်ပြည်လျှင် ၄၀၀၀/ကျပ်မှ ၅၅၀၀ကျပ်ထိ ဈေးနှုန်း အသီးသီး ရှိကြောင်း သိရသည်။

ဆီထွက်သီးနှံ မြေပဲ နှင့် ပဲမျိုးစုံ

          ကရင်ပြည်နယ်အတွင်း ပဲမျိုးစုံပေါ်ချိန်ရာသီ ပြီးဆုံးပြီးနောက် ဒေသတွင်း ရောင်းချရန် ကုန်သည်လက်ကျန် ‌အနည်းငယ်သာရှိကြောင်းနှင့် ပဲမျိုးစုံပေါ်ချိန်ကာလ အတွင်း ဈေးနှုန်း အမြင့်ဖြင့် အများဆုံး အရောင်းအဝယ်ဖြစ်ခဲ့သော ပဲများမှာ မြေပဲ ( အခွံပါ/ အခွံမပါ) ၊ ပဲပုတ်၊ ပဲတီစိမ်း၊ မတ်ပဲ နှင့် ပဲလွန်းဖြူတို့ဖြစ်ကြပြီး ယခုနှစ်အတွင်းမြေပဲ (အခွံပါ/အခွံမပါ) အား ထိုင်းနိုင်ငံမှ ဝယ်လိုအားကောင်းခဲ့ပြီး ပဲပုတ်များမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းကျေးရွာမှ အများဆုံးထွက်ရှိပြီး ယခုနှစ်အတွင်း    မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးမြို့များသို့ အများဆုံးတင်ပို့ပြီး ဒေသတွင်း ပဲပြားလုပ်ငန်းရှင်များမှ လည်း တစ်နေ့  ၃  တန်ခန့်အသုံးပြုလျက်ရှိကြောင်း သိရသည်။ ပဲတီစိမ်း၊မတ်ပဲ၊ ပဲလွန်းဖြူ များကို မြဝတီ၊ မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်မြို့များသို့ အများဆုံးတင်ပို့ပြီးခဲ့ကြောင်းနှင် ပဲတီစိမ်း ယခုအခါတွင် ပဲမျိုးစုံဈေးနှုန်းများမှာ ဈေးငြိမ်းလျက်ရှိပြီး အရောင်းအဝယ်မှာ ပုံမှန်အတိုင်း ဖြစ်ကြောင်းသိရသည်။ ပဲပေါ်ချိန်ရာသီ ကုန်ဆုံးပြီးနောက် ဈေးနှုန်အမြင့်ဆုံးဖြင့် ဆက်လက် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမှာ ပဲထောပတ်ဖြစ်ပြီး ရာသီအဖွင့်ဈေး ၁ တင်း ၆၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းဖွင့်ခဲ့ပြီး ဈေးနှုန်းတရိပ်ရိပ်မြင့်တက်ခဲ့ရာ လက်ရှိဈေးနှုန်းမှာ ၁ တင်းလျှင် ၁၁၇၈၀၀/ ကျပ်ဖြစ်ကြောင်းနှင့် ရောင်းလိုအားထက် ဝယ်လိုအားမြင့်မားလျက်ရှိကြောင်း သိရသည်။

          ၂၀၂၂-၂၀၂၃၂ ကရင်ပြည်နယ် ဒေသထွက် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့၏ တစ်ပိဿာ အခြေခံ အဖွင့်‌ဈေးနှင့် ဩဂုတ်လ လက်ရှိဈေးနှုန်းများမှာ မြေပဲဆန်၆၉၀၀/ - ၈၇၀၀/၊ ပဲတီစိမ်း (ပဲနောက်) ၂၃၅၀ - ၂၇၀၀/၊ ပဲတီရွှေဝါ ၂၉၀၀/- ၃၉၀၀/၊ မတ်ပဲ၃၁၀၀- ၃၇၀၀/၊ ပဲပုတ် ၂၂၅၀ -၂၉၀၀ /၊ ပဲလွန်းဖြူ ၂၀၅၀ -၂၅၀၀ /၊ ထောပတ်ပဲ ၃၄၀၀/ -၆၂၀၀/၊ပဲနီပြား. ၃၂၀၀-၄၇၀၀/၊  ဖြစ်ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

          အစေ့ထုတ်ပြောင်းများကိုအာဆီယံ AFTA အရTariffs Rate သုံညနှုန်းဖြင့် မြန်မာ-ထိုင်း

နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် မြဝတီကုန်သွယ်ရေးဇုန်တို့မှတဆင့်အခွန်ကင်းလွတ်သက်သာခွင့် Form-D ၊ စိုက်ပျိုးရေးဌာနမှ Phytosanitary Certificate  များနှင့်အတူ ထိုင်းနိုင်ငံသို့ နှစ်စဉ် ဖေဖော် ဝါရီလ ၁ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့ထိတင်ပို့လျက်ရှိကြောင်းနှင့် ထိုင်း နိုင်ငံ Department of Foreign Trade ( DFT)တွင် နှစ်စဉ်မှတ်ပုံတင်ထားသည့် ထိုင်းနိုင်ငံဖက်မှ ပြောင်းတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့်လဲအာဆီယံ AFTA အရထိုင်းနိုင်ငံအတွင်းသို့ အစေ့ထုတ်ပြောင်းဆံများ ဝယ်ယူတင်သွင်းရာတွင် ထိုင်းနိုင်ငံအနေဖြင့် ပြောင်းသီးနှံတင်သွင်းမှုအတွက် WTO Agreement အရ Quotaစနစ်အားချမှတ်ထားပြီး၊ Quota တန်သိန်းအနေဖြင့် တစ်နှစ်လျှင်တန်ချိန် ၅၄၇၀၀ သတ်မှတ်ထားပြီး၊ Tariff Rate မှာ 20%၊ Out of Quota အနေဖြင့် တင်သွင်းမည်ဆိုပါက 73%၊ Extra fee အနေဖြင့် မက်ထရစ် ‌တစ်တန်လျင် 180ဘတ်၊ ကျသင့်မည် ဖြစ်ကြောင်းသိရသည်။

   မြန်မာနိုင်ငံအနေဖြင့် ပြောင်းတင်ပို့မှုမှ ပို့ကုန်ဝင်ငွေအပြည့်အဝရရှိစေရေးအတွက် ၁-၄-၂၀၂၂ ရက်နေ့မှစ၍ အစေ့ထုတ်ပြောင်းအား လိုင်စင်ဖြင့် တင်ပို့စေခဲ့ပြီး မြဝတီနယ်စပ်မှ တဆင့်ထိုင်း နိုင်ငံသို့ အစေ့ထုတ်ပြောင်း တင်ပို့သည့် ကာလမှာ ၃၁ ဩဂုတ်လ တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း နိုင်ငံခြားငွေ လဲလှယ်နှုန်းနှင့် ပြောင်းဈေးနှုန်းမတည်ငြိမ်မှုနှင့် ဈေးနှုန်းဆက်တိုက်ကျဆင်း လာသောကြောင့် ကရင်ပြည်နယ်အတွင်းသို့ အစေ့ထုတ် ပြောင်းဝင်ရောက်မှု လျော့ကျခဲ့ ကြောင်းနှင့် အစေ့ထုတ်ပြောင်းအဖွင့်ဈေးနှုန်းမှာ  ၁ ပိဿာလျှင် မြဝတီအထိုင် (မျှောစာပါ) အဖွင့်ဈေး ၁၁၂၀ ကျပ်ဖြစ်ပြီး လက်ရှိပေါက်ဈေး ၁၂၄၀ကျပ်ဖြစ်ကြောင်း နှင့် ကရင်ပြည်နယ်တွင် အစေ့ထုတ်ပြောင်း စိုက်ဧက ၅၁၇၂၂ ဧကရှိ၍ တစ်နှစ်အထွက်တန် ၁၄၃၁၇၁ တန်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ပို့ကုန်/ သွင်းကုန်အများဆုံး အမယ် ၂၀ စာရင်း နှင့် ကုန်စည်စီးဝင်စီးထွက်မှုအခြေအနေ

          နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ကရင်ပြည်နယ်နယ်၊ မြဝတီမြို့ရှိ မြဝတီကုန် သွယ်ရေးဇုန်မှ တစ်ဖက်ထိုင်းနိုင်ငံသို့ ဇွန်လအတွင်းအများဆုံးတင်ပို့သော ပို့ကုန်အမယ် ၂၀ မျိုးမှာ  ကုန်စည်များမှာ အစေ့ထုတ်ပြောင်း၊ ချုပ်ပြီးအထည်၊ ဆန်မှုန့်၊ ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း (အစို)၊ အခြားတိရစ္ဆာန်ထွက်ပစ္စည်း၊ မတ်ပဲ၊ ရာဘာစိမ်း၊ မြေပဲဆန်၊ ငါးမျိုးစုံ၊ ပဲတီစိမ်း၊ ကဏန်း၊ ဂေါ်ဖီထုပ်၊ နှမ်းနက်/နှမ်းဖြူ(အခွံချွတ်)၊ ပီလောပီနံခြောက်၊ နှမ်းဖြူ၊ ကင်းမွန် နှင့် သတ္တုရိုင်းတို့ဖြစ်ကြပြီး ဖြစ်ကြောင်းနှင့် အများဆုံးတင်သွင်းသည့် ပစ္စည်း ၁၀ မျိုးမှာ ချည်ထည်များ၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ ဆေးဝါးများ၊ ဇာနှင့် ဇာထိုးထားသော အထည်လိပ်များ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ ၊ ဓာတ်မြေဩဇာများ၊  အခြားစက္ကူ၊ ဆပ်ပြာ၊ ဓာတုဗေဒပစ္စည်းများ ဖြစ်ကြောင်းသိရသည်။  ၂၀၂၃ ဖေဖော်ဝါရီလမှ ၂၀၂၃ ဇူလိုင်လအထိ ပြည်တွင်းမှ လယ်ယာထွက်ကုန်များ စီးဝင်မှု အခြေအနေများမှာ အစေ့ထုတ်ပြောင်း ၄၈၀၈၂၄တန်၊ ပြောင်းမှုန့် ၁၀၈၀ တန်၊ ငရုတ် ၂၇၅၆၈ တန်၊ ကြက်သွန် ၃၈၉၇၇ တန်၊  ဆန်မှုန့် ၃၈၀၉၂ တန်၊  ဆန်ကွဲ ၄၇၃၁ တန်၊  မတ်ပဲ ၁၆၆၈ တန်၊ မြေပဲတောင့် ၁၃၇၂ တန်၊ မြေပဲဆန် ၅၃၃၂ တန်၊ ပဲတီစိမ်း ၆၀ တန်၊ ပဲလွန်းဖြူ ၁၅ တန်၊ နှမ်းမျိုးစုံ ၅၅၅ တန်၊ နနွင်းတက် ၅၃၄၊နှမ်းဖြူ ၄၇ တန်၊ဂျင်းစို ၂၂၄ တန်၊ရာဘာ ၃၉၁တန်၊မန်ကျည်းသီး ၃၃၉၅ တန်၊ကွမ်းသီးခြောက် ၁၅၃၀ တန် ဖြစ်ကြောင်းသိရသည်။ ၂၀၂၃ ခုနှစ်တွင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ ပြည်ပဝယ်လိုအားမြင့်မားခဲ့ပြီး ဈေးကောင်းရခဲ့ကြပြီး အထူးအားဖြင့် အစ့ထုတ်ပြောင်းနှင့် ဆန်မှုန့်တို့မှာ ထိပ်ဆုံးပို့ကုန် အမယ် ၅ မျိုးစာရင်း၌ ရပ်တည်ခဲ့ကြသည်။ ပီလောပီနံသီးနှံအနေဖြင့် ထိုင်းဘက်မှ ဝယ်လိုအားများခဲ့ပြီး နယ်စပ်ဒေသတလျှောက် စိုက်ပျိုးနေရာများမှ တိုက်ရိုက်တင်ပို့လေ့ရှိကြပြီး ပြည်တွင်းဈေးကွက်သို့ စီးဝင်မှု အနည်းငယ်သာရှိကြောင်း သိရသည်။

အခြေခံစားသောက်ကုန်ဈေးနှုန်းများ

          ပြောင်းလဲလာသော ခေတ်ကာလ အခြေအနေအလျောက် ၂၀၂၃ ခုနှစ်တွင် အခြေခံ စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင် အခြေခံ ကောက်ယူသော စားသောက်ကုန်ဈေးနှုန်များမှာ ဆန်၁ပြည်(ဧည့်မထ) အနိမ့်ဈေး ၂၇၀၀- အမြင့်ဈေး ၃၁၂၅ ကျပ်၊ ပေါ်ဆန်း အနိမ့်ဈေး၄၀၀၀/- အမြင့်ဈေး ၅၀၀၀/၊ စားအုန်း ဆီ ၁ပိဿာ ၇၅၀၀/ ကျပ်၊ အမြင့်ဈေး ၁၀၀၀၀ ကျပ် ၊ ပဲဆီ အနိမ့်ဈေး ၁၂၀၀၀/-၁၆၀၀၀/၊ ကြက်သွန်နီ အနိမ့်ဈေး ၃၀၀၀/- အမြင့်ဈေး ၃၅၀၀/၊ ကြက်သွန်ဖြူ (ကြူကုတ်) ၈၀၀၀/၊ ကြက်သွန်ဖြူ (ရှမ်းစ) ၉၀၀၀/၊ အိုင်အိုဒင်းဆား ၁ပိဿာ ၁၂၀၀/၊ အာလူး အနိမ့်ဈေး ၂၉၀၀/- အမြင့်ဈေး ၃၂၀၀/ ၊ မန်ကျည်းမှည့် ၁ ပိဿာ ၃၀၀၀/၊ ငရုပ်သီးခြောက် ၁ပိဿာ ၁၆၀၀၀/၊ ဂျင်း ၁ ပိဿာ အနိမ့်ဈေး ၆၀၀၀/- အမြင့်ဈေး ၇၀၀၀/၊ ပဲနီလေး ၁ ပိဿာ အနိမ့်ဈေး ၆၅၀၀/ - အမြင့်ဈေး ၇၅၀၀/ ၊ ကုလားပဲခြမ်း ၁ ပိဿာ ၆၅၀၀/- ၇၅၀၀/၊ နနွင်းတက် ၅၅၀၀/ ကျပ်ဖြစ်ကြောင်းနှင့် သားငါးဈေးနှုန်းများမှာ  ကြက်သား(မွေးမြူရေး) ၁ ပိဿာ ၁၀၅၀၀/၊ ကြက်သား (အိမ်ကြက်) ၁ ပိဿာ ၁၆၀၀၀/၊ ဝက်သား ၁ ပိဿာ အနိမ့်ဈေး ၁၅၀၀၀/- အမြင့်ဈေး ၁၇၀၀၀/၊ ဆိတ်သား ၁ ပိဿာ အနိမ့်ဈေး ၁၈၀၀၀ကျပ် အမြင့်ဈေး ၂၃၀၀၀/ကျပ်၊ အမဲသား ၁ ပိဿာ ၂၀၀၀၀/၊ ပုစွန်(ဘော့ချိတ်) ၁ ပိဿာ အနိမ့်ဈေး ၂၀၀၀၀/-အမြင့်ဈေး ၂၅၀၀၀/၊ ငါးမြစ်ချင်း ၁ ပိဿာ အနိမ့်ဈေး ၇၅၀၀/- အမြင့်ဈေး ၈၀၀၀/၊ ကြက်ဥ ၁ လုံး အနိမ့်ဈေး ၃၀၀/- အမြင့်ဈေး ၃၅၀/၊ ဘဲဥ အနိမ့်ဈေး ၃၄၀/- အမြင့်ဈေး ၄၀၀/ ကျပ်တို့ဖြစ်ကြောင်းနှင့် ဟင်းသီးဟင်းရွက်များမှာမူ ဒေသတွင်းစိုက် ပျိုးထုတ်လုပ်မှုများ၍ ဖြစ်ထွန်းသောကြောင့် ချဉ်ပေါင်ရွက် ၁ စည်း ၁၀၀ကျပ်၊ ကန်စွန်းရွက် ၁ စည်း ၂၀၀ကျပ်၊  ရုံးပတေသီး ၁ ပိဿာ ၁၀၀၀ကျပ်၊ ခရမ်းသီး ၁ ပိဿာ ၂ ထောင်ကျပ်၊ ဗူးသီး ၁ လုံး ၂၀၀၀ ထောင်ကျပ်၊ သခွားသီး ၁ ပိဿာ ၂ ထောင်ကျပ် စသည်ဖြင့် ဈေးနှုန်း သင့်တင့်ကြောင်းသိရသည်။

          ကရင်ပြည်နယ်သည် ရာသီဥတုသင့်တင့်မျှတပြီး သီးနှံများစိုက်ပျိုးဖြစ်ထွန်းအောင်မြင်၍ ပြည်ပပို့ကုန် အလားအလာရှိသောသီးနှံများထွက်ရှိရာဒေသ တစ်ခုဖြစ်ပါသည်။ ထို့အပြင်ကရင် ပြည်နယ်သည် ပထဝီအနေအထားအရ ဒေသထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားရာတွင် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်ထိပါ အလွယ်တကူလက်လှမ်းမီ၍ လမ်းခရီးများ ကောင်းမွန်သောကြောင့်  သယ်ယူပို့ဆောင်ရလွယ်ကူသော ဒေသဖြစ်ပါသည်။ သို့ပါ၍ နယ်စပ် ကုန်သွယ်ရေးစခန်းတည်ရှိရာ မြဝတီကုန်သွယ်ရေးဇုန်မှတဆင့် ကုန်စည်စီးဝင် စီးထွက်မှု အခြေအနေများ၊ ‌ဈေးနှုန်း/ဈေးကွက်အခြေအနေများ နှင့် ကုန်ဈေးနှုန်းအခြေအနေများကို သိရှိနိုင်ခြင်းအား ဖြင့် ဒေသတွင်းလိုအပ်ချက် စားဖိုဆောင်သီးနှံနှင့် စားသောက်ကုန်များ၊ အလားအလာရှိသော လယ်ယာထွက်ကုန်များ တိုးချဲ့စိုက်ပျိုးပြီး လယ်ယာထွက်ကုန်သီးနှံများမှ ဒေသလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမက နိုင်ငံခြားငွေ တိုးတက်ရှာဖွေနိုင်ရေးအတွက် အထောက်အကူပြုနိုင် မည်ဖြစ်ပြီး တန်ဖိုးကွင်းဆက်တစ်လျှောက်လုံးရှိ စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့၊ ရောင်းချသူများအားလုံး ပါဝင်သော အကျိုးပေါင်းစု ကုန်သွယ်မှုဖြင့် တိုင်းကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

DOCA(ကရင်)