ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday Talk (၈/၂၀၂၃) အား ဟောပြောဆွေးနွေးခြင်း

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday Talk (၈/၂၀၂၃) အား (၁၇.၈.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ CICC ခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ဆောင်ရွက်ခြင်းသည် ဝန်ထမ်းများအား ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားပြီး လုပ်ငန်းဆောင်ရွက်ချက်များ အောင်မြင်စွာ  လုပ်ကိုင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

       အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးဦးဝေဠုအောင်က အဖွင့်အမှာစကားပြောကြားပြီး ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူကာကွယ်ရေးနည်းဥပဒေပါ အခန်း(၉)မှ အခန်း(၁၁)၊ နည်းဥပဒေ (၇၃)မှ (၉၉)ထိအား နည်းဥပဒေပါ ပုံစံ(၁၄)မျိုးမှ အခန်းနှင့်သက်ဆိုင်သော ပုံစံများအား  Power Point ဖြင့် အသေးစိတ်ရှင်းလင်းခဲ့ပြီး ဒုဦးစီးမှူး ဒေါ်တင်တင်မော်က စားသုံးသူကာကွယ် ရေးနည်းဥပဒေပါ အခန်း(၁၂)မှ အခန်း (၁၆)၊ နည်းဥပဒေ (၁၀၀)မှ (၁၂၆)ထိအား ပုံစံများနှင့်တကွ အသေးစိတ် Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဆက်လက်ပြီး အကြီးတန်းစာရေး ဦးနေလင်းဖြိုးက စားသုံးသူကာကွယ်ရေးနည်းဥပဒေပါ ပုံစံ (၁၄)မျိုးအား ရှင်းလင်းရာတွင် ပုံစံတစ်မျိုးစီအား နည်းဥပဒေအခန်းများ၊ နည်းဥပဒေများနှင့် တွဲ၍ အကျယ်တဝင့် Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဦးစီးမှူး ဦးမြတ်မင်းက စီမံ(ထွေ)မှ ပုံသေပိုင်(၉)မျိုးစာရင်းမှ ရေးသွင်းနုတ်ပယ်ဆောင်ရွက်ခြင်းများအား ဝန်ထမ်းများအား သိရှိစေရန် ရည်ရွယ်၍ အသေးစိတ် Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ခရိုင်ဦးစီးမှူးမှ ရှင်းလင်းဆွေးနွေးအပေါ် ဝန်ထမ်းများအားလုံး၏ နားလည်နိုင်စွမ်းရှိမှုအား ပြန်လည်မေးမြန်းခြင်းများ အမေးအဖြေများအား ပြုလုပ်ဆောင်ရွက်ပြီး  အမိန့်ညွှန်ကြားချက်များအား ဖြည့်စွက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)