ကျောက်ဖြူမြို့နယ်အတွင်း ဟင်းသီးသင်းရွက် ရောင်းချနေသော ဈေးကွက်ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်သည် ဘင်္ဂလားပင်လယ်အော်ထဲရှိ ရမ်းဗြဲကျွန်းပေါ် တွင်တည်ရှိပြီး ရာသီဥတုမျှတပြီး ရေထွက်ပစ္စည်းပေါများသော်လည်း ဟင်းသီးဟင်းရွက် ရှားပါးသော မြို့နယ်ဖြစ်ပါသည်။ ယခုအခါ တောင်သူများသည် ဒေသတွင်းလိုအပ်သော ဟင်းသီးဟင်းရွက်များကို မြို့နယ်အတွင်းဒေသများဖြစ်သော စေတီယျ၊အုန်းတော၊ ဂုံးချိန်၊ ရေနံတောင်၊ မင်းပြင်၊ ဇင်ချောင်းနှင့် စနဲကျေးရွာအုပ်စုများတွင် စိုက်ပျိုးရေးဆိုင်များမှ မျိုးစေ့များဝယ်ယူပြီး ရာသီအလိုက် စိုက်ပျိုးလာကြပါသည်။
နွေရာသီတွင် မြေအောက်ရေများစုပ်ယူပြီး စိုက်ပျိုးကြသော်လည်း ဒေသတွင်း ဖြစ်ထွန်းမှုအားနည်းနေသော ဂေါ်ဖီထုပ် ၊ ဂေါ်ဖီပွင့်၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ မုန်ညှင်း၊ ငရုပ်ပွ၊ ငရုပ်စိမ်း၊ ပဲတောင့်ရှည်သီး၊ ဂေါ်ရခါးသီး၊ ကျောက်ဖရုံသီးတို့ကို မင်းဘူး၊ အင်းမ၊ ဝက်ပုတ် ဒေသတို့မှ ဈေးကွက်လိုအပ်ချက်များအပေါ် အားဖြည့်မှာယူတင်သွင်းပြီး ရောင်းချနေကြောင်းသိရပါသည်။
ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ဂေါ်ဖီထုပ် (တစ်ထုပ်) ကျပ် -၁၃၀၀၊ ဂေါ်ဖီပွင့် (တစ်ပွင့်) ကျပ်- ၁၄၀၀၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ကျပ်- ၁၅၀၀ ၊ မုန်လာဥနီ (တစ်ပိဿာ)ကျပ်-၄၀၀၀၊ မုန်ညှင်းနှင့်ငရုပ်ပွ (တစ်ပိဿာ) ကျပ်-၆၀၀၀၊ ငရုပ်သီးစိမ်း(တစ်ပိဿာ) ကျပ်-၁၅၀၀၊ ပဲတောင့်ရှည်သီး (တစ်ပိဿာ) ကျပ်-၁၅၀၀၊ ဂေါ်ရခါးသီး (တစ်လုံး) ကျပ်-၁၂၅၊ ကျောက်ဖရုံသီး (တစ်လုံး) ကျပ်-၁၈၀၀အသီးသီးလက်လီ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ရခိုင်ပြည်နယ်)