စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်တာဝန်ခံ ဦးလှမောင်အေး (ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် ပုဏ္ဏားကျွန်းမြို့၊ ကျောက်ဆိပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)စာသင်ကျောင်း၌ (၂၂-၈-၂၀၂၃)ရက်နေ့၊ နေ့လယ်(၂:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သတ်၍ “လေ့လာမှတ်သားကုန်အညွှန်းအမှတ်အသား” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ပုဏ္ဏားကျွန်းမြို့၊ကျောက်ဆိပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်ချေက ကျောင်းသား/သူများအား အစားအသောက် နှင့်ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စများကို ဌာနမှ ရှင်းလင်းပြောကြားချက်များအား ကြားနာမှတ်သားစေရေး အဖွင့်အမှာစကားပြောကြားပြီးနာက် စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေး (ဒု-ဦးစီးမှူး) က စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်(Vision)၊ မျှော်မှန်းချက်(Mission)အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကျောင်းသား/သူများ အနေဖြင့်ဝယ်သူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၈)၊ ပုဒ်မ(၄၁)ဖော်ပြချက်နှင့် ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုနှင့် ပတ်သတ်၍ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူတာဝန် (၄)ချက်တို့အားလည်းကောင်း၊ ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုအား ပြည့်စုံစွာပါဝင်မှုရှိ/မရှိ သေချာစွာလေ့လာဖတ်ရှုပြီးမှ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ စားသုံးသူများနစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဌာနတွင်ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းသို့ လာရောက်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား လေ့လာရန်နှင့် တိုင်ကြားလိုပါက ဌာန၏ Website ဖြစ်သည့် www.doca.gov.mm နှင့် DOCA Myanmar Mobile Application တွင်ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Consumer Call Center (1535)ကိုခေါ်ဆို၍လည်း မေးမြန်းတိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/သူများ၏ မေးမြန်းချက်များအား အကျယ်တဝင့် ပြန်လည်ရှင်းလင်းဖြေကြားကာ ဟောပြောပွဲသို့ ကျောင်းသား/သူ (၁၅၀)ခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)