စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကဇန်းလမိုင်း အလယ်တန်းကျောင်းတွင်(၁၇၊၈၊၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်မျိုးထက်ဦးဆောင်၍ ကျောင်းသား၊ကျောင်းသူလေးများအား ယာဥ်စည်းကမ်း ၊လမ်းစည်းကမ်းပညာပေးရေး၊မှု ခင်းကျဆင်းရေး အကြောင်းအရာကိုလည်ကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် လူကုန်ကူးမှုအကြောင်းအရာကိုလည်းကောင်း၊ စားသုံးရေးရာဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ချိုမီဇင်က ကုန်ညွှန်းအမှတ်အသား အကြောင်းအရာများကိုလည်းကောင်း တိုင်းရင်းဦးစီးမှူးက တိုင်းရင်းဆေးဝါးအကြောင်းအရာများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနဦးစီးမှူးဒေါ်စုစုခင်က အားကစားဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့ကြပါသည်။
အဆိုပါဟောပြောပွဲတွင် ညောင်တုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်း၊ စားသုံးသူအခွင်းအရေး(၈)ချက်အကြောင်း၊ စားသုံးသူ တို့သည် ကုန်စည်/ဝန်ဆောင်မှုအာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ ကုန်စည်များကို ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါ အချက်အလက်များကို သိရှိနားလည်ပြီး ရွေးချယ်ဝယ်ယူနိုင်ရန်အသိပညာပေးခြင်းနှင့် စားသုံးသူအခွင့် အရေးနစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများကျောင်းသား၊ကျောင်းသူစုစုပေါင်း ၂၀၀ဦးတက်ရောက်ခဲ့ပါသည်။ ထို့နောက် စာအုပ်စာစောင်များ၊ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း၊ ဆေးဝါးကုသပေးခြင်းနှင့် အားကစားသရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ရာနေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)