မုန့်ဖတ်လုပ်ငန်း ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများ (၁၈.၈.၂၀၂၃) ရက်နေ့က ဆကာကြီး ၂-ရပ်ကွက်ရှိ ဆကာကြီးသူ မုန့်ဟင်းခါးအနှစ်လုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီ ကုန်စည်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ကြပါသည်။

 ကွင်းဆင်းစစ်ဆေးမှုးတွင် စားသုံးသူများ အသုံးပြုသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန် မျော်မှန်း၍ စစ်ဆေးဆောင်ရွက်ခြင်းများပြုလုပ်ခြင်း၊ မုန့်ဟင်းခါးဖတ်အနှစ် ထုတ်လုပ်သူ လုပ်ငန်းရှင်အား ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များ ပပျောက်စေရေး၊ ကုန်အညွှန်း အမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီစေရေးစီစစ်ခြင်း၊ ဈေးကွက်အတွင်းမှ ဘေးအန္တရာယ်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ပြန်လည်သိမ်းဆည်းရေး၊ တားမြစ်ရေးကို စိစစ်ဆောင်ရွက်ခြင်း၊ ကုန်စည် ဝန်ဆောင်မှုများကို လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးခြင်းများကို ဌာနမှ ဆောင်ရွက်နေပြီး ယခု မုန့်အနှစ် ထုတ်လုပ်ခြင်း လုပ်ငန်းအား ကုန်အညွှန်အမှတ်အသားနှင့်ပတ်သက်၍ ပြည်စုံမှုရှိစေရေး၊ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)