“တွံတေးမြို့နယ်၊ ကျုံးကြီးရွှေဆံတော်ရပ်ကွက်ရှိ အခြေခံပညာမူလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ တွံတေးမြို့နယ် တာဝန်ခံဦးအာကာမင်းသည် (၂၁-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီချိန်တွင် တွံတေးမြို့နယ်၊ ကျုံးကြီး ရွှေဆံတော်ရပ်ကွက်ရှိ အခြေခံပညာမူလွန်ကျောင်း၌ ကျောင်းသူ/ကျောင်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

 မြို့နယ်တာဝန်ခံအနေဖြင့် ဆွေးနွေးပြောကြားရာတွင် စားသုံးသူမှတောင်းဆိုနိုင်သည့် အခွင့်အရေးများ ကုန်စည်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာ အချက်အလက်များထဲမှ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းသုံးစွဲပုံနည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး စတင်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲစသည်တို့ကို ကြည့်ရှုစစ်ဆေးပြီးမှ ဝယ်ယူသုံးစွဲကြရန်နှင့် ဆိုးဆေးအများအပြားသုံးစွဲထားသော ဘေးအန္တရာယ်ရှိသည့် အစားအသောက် များအား ဝယ်ယူသုံးစွဲခြင်းမပြုကြပါရန် ဟောပြောဆွေးနွေးခဲ့သည်။

DOCA(ရန်ကုန်)