စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်င ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ စျေးကွက်အတွင် စံမမှီဆေးဝါးများ ရောင်းချမှုမရှိစေရေးအတွက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် Biomox IV Infusion Poximclav-32 Tablet ၊ Cefprox (Banana Flavour) Powdre အမျိုးအမည်ဖြင့် ရောင်းချနေသော စံမမှီဆေးဝါးများရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် အဆိုပါ စံမမှီဆေးဝါး (၃) မျိုးအား ရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)