“မိတ္ထီလာမြို့မစျေးအတွင်းရှိ ကုန်စုံဆိုင်ရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း”

Powered by Drupal

     ၂၀၂၃ခုနှစ် ၊ သြဂုတ်လ ၁၈  ရက်နေ့၊ (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၊ ဦးဇော်မင်းသည် မိထ္ထီလာမြို့မစျေးအတွင်းရှိ ကုန်စုံရောင်းချနေသော လုပ်ငန်းရှင် (၂၃) ဦးနှင့် ခရိုင်ဦးစီးမှူးရုံးခန်းအတွင်း၌ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက် ခြင်းနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း၊  စားသုံးသူ ပြည်သူများ နေ့စဉ်ဝယ်ယူစားသုံးနေသော ကုန်စည်များနှင့် ပတ်သက်သော သတင်းအချက် အလက်များကို စားသုံးသူပြည်သူများအား မှန်ကန်စွာသိရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြရာတွင် ၂၀၁၉ စားသုံးသူကာကွယ်ပေးရေး ဥပ‌‌ဒေ ပြဌာန်းချက်များကို လိုက်နာပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်ပစ္စည်းများကို ထုတ်လုပ်အသုံးပြုနိုင်ရေးနှင့် စားသုံးသူအခွင့်အ‌ရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရည်ရွယ်၍ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်၊၊

  ဆက်လက်၍ ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်‌ရေးဥပ‌ဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအရ ဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ဥပဒေအခန်း (၂၃) ပါ တားမြစ်ချက် များ၊ ကုန်အညွှန်းအမှတ်အသားသည် ၂၀၂၀ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့မှစ၍ စတင်အာဏာ သက်ရောက်နေပြီဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိပါက မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ (၇၃)အရ (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ်သိန်း (၂၀၀)ထက် မပိုသောငွေဒဏ်ဖြစ်စေ ၊ ဒဏ်(၂)ရပ်လုံး ဖြစ်စေအရေးယူမှုများ ပြုလုပ်နိုင်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက် တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကိုယ်တိုင် စာသုံးသူများ ဖြစ်ကြောင်း ၊ စာသုံးသူအခွင့်အရေး ဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)