ဖျာပုံမြို့နယ် ဈေးကွက်အတွင်းရှိ အချိုရည်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၈)ရက် နံနက်(၁၀:၀၀) နာရီ အချိန်တွင် ဖျာပုံမြို့နယ်အတွင်းရှိ အချိုရည်အမျိုးမျိုးရောင်းချသည့် ဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  ထိုသို့ဈေးကွက်ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါအရောင်းဆိုင်များ၌ ရောင်းချနေသည့် အချိုရည်အမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာဖော်ပြနိုင်ရေး၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁)(၄၃) အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာ ဖော်ပြနိုင်ခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရှိ/မရှိ၊သက်တမ်းလွန် အချိုရည်များ ရောင်းချခြင်းရှိ/မရှိ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)