ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာနမှ အမှုထမ်းများ Online exam အမှတ်စဉ် (၉) ဖြေဆိုနေမှု

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ အစည်းအဝေးခန်းမတွင် ၂၅.၈.၂၀၂၃ ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီတွင် ဒုတိုင်းဦးစီးမှူးနှင့် ဌာနခွဲ တာဝန်ခံများမှ ကြီးကြပ်၍ စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အမှုထမ်းများသည် ရုံးချုပ်မှ ပေးပို့လာသော Online eaxm အမှတ်စဉ် (၉) အား ဖြေဆိုခဲ့ပါသည်။

   ထိုသို့ ဖြေဆိုရာတွင် စားသုံးသူရေးရာဦးစီးဌာန လက်အောက်ရှိ စီမံရေးရာဌာနခွဲ ၊ ငွေစာရင်းဌာနခွဲ၊ မူဝါဒလေ့လာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲ၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲ ၊ စားသုံးသူရေးရာဌာနခွဲ ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲနှင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲတို့၏ ဌာနခွဲအလိုက် ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များနှင့် ဗဟုသုတများသိရှိရသည့်အပြင် ဌာနတွင်းရှိ တစ်ဆင့်မြှင့် ရာထူးတိုး စာမေးပွဲများ ဖြေဆိုရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဝန်ထမ်းများမှ စိတ်အားထက်သန်စွာဖြင့် ကြိုးစား၍ ဖြေဆိုခဲ့ကြပါသည်။

DOCA(ဧရာဝတီ)