ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့ပေါ်ရှိ Ocean Super Centerနှင့်မုန့်ဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများစွာ ပြည့်စုံမှုရှိ/မရှိကွင်းဆင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ဖြူဖြူလတ်၊ မြို့နယ်တာဝန်ခံဦးဝင်းမြင့်နှင့် ဝန်ထမ်းများသည် ဩဂုတ်လ(၂၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီ၊ ပုသိမ်မြို့ပေါ်ရှိ Ocean SuperCenter နှင့် ဂင့်ချွန်မုန့်ဆိုင်များသို့ သွားရောက်၍ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းသွားရောက်ပါသည်။

   Ocean SuperCenterနှင့်ဂင့်ချွန်မုန့်ဆိုင်များတွင် ရောင်းချလျက်ရှိ‌သော အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်စည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ သတိပေးချက်တစ်ခုဖြစ်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များ ဝယ်ယူစားသုံးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)