ဘိုကလေးမြို့နယ် “သဘာဝနဂါးနီဟံ” မုန့်မျိုးစုံလုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEsလုပ်ငန်းဖွံ့ဖြိုးရေး ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်  တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊   ဩဂုတ်လ( ၂၅ )ရက်နေ့၊   နံနက်( ၁၃:၀၀ )နာရီအချိန်တွင် အမှတ်(၉၈၈)၊(၁)လမ်း၊(၈)ရပ်ကွက်ရှိ“သဘာဝနဂါးနီဟံ”မုန့်မျိုးစုံလုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEsလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ကြရာတွင် “သဘာဝနဂါးနီဟံ”မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်သော(ဒါးလှီးမုန့်၊    ဆီကြော်မုန့်၊ပေါင်မုန့်၊ ကိတ်မုန့်)တို့တွင် သကြား၊ဂျုံ၊ ဟင်းရွက်ဆီ၊ ကြက်ဥ၊ ဖရုံယို၊ နို့မုန့်၊ အနံ့ဆီ     စသည့် အမျိုးအအစားများပါဝင်ပြီး တစ်နေ့ထုတ်လုပ်မှုအနေဖြင့် အထုပ်(၂၀၀)ခန့်ထုပ်လုပ်လျက်ရှိပြီး  ဈေးကွက်အတွင်း ရောင်းဝယ်မှုပေါ်မူတည်ပြီးလည်း ထုတ်လုပ်ပါသည်။ မုန့်တစ်ထုပ်လျှင် (၅၀၀)ကျပ်ဖြစ်ပြီး လက်ကားဈေးနှုန်းအနေဖြင့် ၄၃၀ကျပ်ဈေးနှုန်းဖြင့် ရောင်းချပေးပါသည်။ လုပ်သားဦးရေ(၅)ဦးရှိပြီး တစ်ဦးလျှင် တစ်နေ့လုပ်ခ (၃၀၀၀/၃၅၀၀/၅၀၀၀)ကျပ်နှုန်းဖြင့် နေ့စားရှင်းပေးရပါသည်။ ဈေးကွက်အနေဖြင့် ဒေသတွင်းသာ ဖြန့်ဖြူးရောင်းပေးလျက်ရှိပါသည်။

     ထိုနောက် မြို့နယ်တာဝန်ခံက ထုတ်လုပ်သော ကုန်စည်နှင့်ပတ်သက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး၊ ဓာတ်မတည့်ကြောင်း ဖော်ပြ  ချက်တို့ကို ထည့်သွင်းရမည်စသော‌အချက်များကို အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)