ဘိုကလေးမြို့မဈေးအပြင်တန်းရှိ ကုန်မျိုးစုံအ‌ရောင်းဆိုင်များသို့ အချိုရည်ဘူးများတွင်ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် မြို့နယ်စည်ပင်၊ ကျန်းမာရေးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊       ဩဂုတ်လ (၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့မဈေး အပြင်တန်းရှိ ကုန်မျိုးစုံအ‌ရောင်းဆိုင်များသို့ အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ / မရှိနှင့် FDA ထောက်ခံချက်  ပါဝင်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော အသင့်သောက်အချိုရည်ဘူးများဖြစ်သော (Royal-D.Speed. D-pop. Asia. Coca Colar. Max+. V-code) အချိုရည်ဘူးများတွင်   မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ FDA ထောက်ခံချက်များရေးသားဖော်ပြထားကြောင်း တွေ့ရှိရပါသည်။ ထိုနောက် ရောင်းချသောလုပ်ငန်းရှင်များကိုလည်း  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်သောကုန်စည်များကို ရောင်းချကြရန်နှင့် တရားမဝင်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုကြရန်   အသိပညာပေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)