စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများ (၁၈.၈.၂၀၂၃) ရက်နေ့က မြို့မဈေး ဈေးကော်မတီ ရုံးခန်းမတွင် ကုန်မျိုးစုံနှင့် ကုန်စိမ်းရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဟောပြောဆွေးနွေးပွဲသို့ လုပ်ငန်းရှင် (၂၁)ဦးတက်ရောက်ခဲ့ကြပြီး ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေအရ ဥပဒေ၏ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၂၃)ပါ တားမြစ်ချက်ဖြစ်သည့် မည်သူမျှ စားသုံးသူ သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် မရိုးမဖြောင်းသောသဘောဖြင့် မပြုလုပ်ရန် ကာကွယ်ပေးထားသည့် အချက်(၄)ချက် အကြောင်းကိုလည်းကောင်း၊ ကြော်ငြာခြင်းအမျိုးအစား၊ အရောင်းမြင့်တင်ခြင်းလုပ်ငန်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုကို ရောင်းဝယ်မှုပြုလုပ်ရာတွင် ထင်ဘောင်ထင်မှားဖြစ်စေခြင်း၊ လိမ်လည်လှည့်ဖြားခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ ကုန်စည်ဝန်ဆောင်မှုကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရ အချက်အများအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး၊ အခန်း(၂၄) ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)