အခြေခံလူတန်းစားများ သက်သာသော ဈေးဖြင့်ဆန်များဝယ်ယူနိုင်စေရေး ဆန်လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပေး

Powered by Drupal

     မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်လုပ်ငန်းရှင်များပူးပေါင်း၍ ဒေသခံအခြေအနေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်ချက် ဖြင့်(၂၄.၈.၂၀၂၃) ရက်နေ့ နံနက်(၀၇:၀၀)နာရီ အချိန်တွင် ပွင့်ဖြူမြို့နယ် ဗိုလ်ချုပ်လမ်းပေါ်ရှိ စာတိုက် ရုံးရှေ့၌ ဆန်စပါးကုန်သည်များနှင့်ဆန်လုပ်ငန်းရှင်များမှ ဆန်များဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ရာတွင် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းတို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ရောင်းချပွဲတွင် ပွင့်ဖြူမြို့နယ်ရှိ ဒေသခံအခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဒေသထွက်မနောသုခ ဆန်(၁)ပြည်လျှင် ကျပ်(၂၅၀၀)နှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။ ယခုတစ်ပါတ်တွင် လူတစ်ဦးလျှင် ဆန်တစ်ပြည်နှုန်းဖြင့် ဆန်(၂၄)ပြည်ဝင်အိတ် (၇)အိတ် ဖြင့် လူဦးရေ(၁၆၈)ဦးအား ရောင်းချပေးနိုင်ခဲ့ပါသည်။ ပွင့်ဖြူမြို့နယ်မှ ဆန်စပါးကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်(၁၅)ဦးမှ တစ်ပါတ်လျှင် (၈)အိတ်ဖြင့် (၁၀)ပါတ်အတွက် အိတ်(၈၀)အား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)